အိုင်ယာလန်အသင်းကို ဂိုးပြန်သွင်းတဲ့ မြွေနှစ်ကောင် ဂရီးလစ်ရှ်နဲ့ ဒက်ကလန်ရိုက်စ်

0

မနေ့က ကစားခဲ့တဲ့ UEFA Nations League အဖွင့်ပွဲစဉ် အိုင်ယာလန်(ဝ-၂)အင်္ဂလန်ပွဲမှာ အိုင်ယာလန်ပရိသတ်တွေက အင်္ဂလန်အသင်းရဲ့ကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ ဒက်ကလန်ရိုက်စ်နဲ့ ဂရီးလစ်ရှ်တို့ကို လှောင်ပြောင်ရှုတ်ချခဲ့ကြပါတယ်။

ဒီကစားသမား(၂)ဦးစလုံးက အိုင်ယာလန်နိုင်ငံကိုယ်စားပြုဘောလုံးအသင်းတွေအတွက် လူငယ်ကစားသမားဘဝက ကစားခဲ့ဖူးကြဖူးပြီး အင်္ဂလန်လက်ရွေးစင်အဖြစ်ကို ကူးပြောင်းခဲ့ကြသူတွေပါ။

ဒါကြောင့် အိုင်ယာလန်ကစားသမားဘဝကနေ အင်္ဂလန်လက်ရွေးစင်ကစားသမားတွေအဖြစ် ပြောင်းလဲသွားခဲ့ခြင်းကို ရှုတ်ချတဲ့အနေနဲ့ သူတို့ပုံတွေနဲ့အတူ “မြွေတွေပြန်လာပြီ”လို့ ရေးသားထားတဲ့ ပုံကို ပရိသတ်တချို့ကကိုင်ဆောင်ပြသခဲ့ကြပြီး ပရိသတ်တချို့ကလည်း သူတို့နှစ်ဦးကို အော်ဟစ်လှောင်ပြောင်ခဲ့ပါတယ်။

ဒီပွဲမှာ အိုင်ယာလန်အသင်းဘက်ကို ဒီကစားသမား(၂)ဦးက အနိုင်ဂိုးသွင်းယူခဲ့တာကြောင့် အိုင်ယာလန်ပရိသတ်တွေအတွက် ပိုပြီး နာလိုခံခက်ဖြစ်စေခဲ့ပါတယ်။

ပွဲချိန်ပထမပိုင်း(၁၁)မိနစ်မှာ ဒက်ကလန်ရိုက်စ်က အဖွင့်ဂိုးသွင်းခဲ့ပြီး (၂၆)မိနစ်မှာ ဂရီးလစ်ရှ်က နောက်ထပ် အနိုင်ဂိုးတစ်ဂိုးထပ်သွင်းခဲ့တာပါ။ ဒက်ကလန်ရိုက်စ်က ဂိုးသွင်းအပြီး အောင်ပွဲမခံခဲ့ပေမယ့် ဂရီးလစ်ရှ်ကတော့ ပုံမှန်အတိုင်း အောင်ပွဲခံတဲ့အပြုအမူကို ပြုလုပ်သွားခဲ့ပါတယ်။

ဒက်ကလန်ရိုက်စ်ဟာ အိုင်ယာလန်လက်ရွေးစင်အသင်းအတွက် ခြေစမ်းပွဲ(၃)ပွဲအထိ ကစားခဲ့ဖူးပြီး ဂရီးလစ်ရှ်က အိုင်ယာလန် ယူ-၁၇၊ ယူ-၁၈၊ ယူ-၂၁ အသင်းတွေအတွက် ကစားခဲ့ဖူးတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *