ပြိုင်ပွဲဝင်အသင်း(၃၂)သင်းမှာ (၃၀)သင်း ထွက်ပေါ်ထားတဲ့ ၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလား

0

ကမ္ဘာတစ်ဝှမ်းက ကလပ်အသင်းပေါင်း(၃၂)သင်း ပါဝင်ယှဉ်ပြိုင်မယ့် အသွင်သစ် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ရှေ့လာမယ့် ၂၀၂၅ ခုနှစ်၊ ဇွန်(၁၅)ရက်နေ့ကနေ ဇူလိုင်(၁၃)ရက်နေ့အထိ အမေရိကန်နိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

လက်ရှိကျင်းပနေတဲ့ ၂၀၂၄-၂၅ ရာသီအပြီး ရက်ပိုင်းအတွင်းကျင်းပသွားမယ့် ဒီပြိုင်ပွဲကို ကစားသမားတွေ၊ နည်းပြတွေက ဝေဖန်မှုအမျိုးမျိုးရှိနေပြီး ဖျက်သိမ်းဖို့အထိတောင်းဆိုမှုတွေရှိနေပေမယ့် ဖီဖာကတော့ ဒီပြိုင်ပွဲဖြစ်မြောက်လာဖို့ပဲ ကြိုးစားနေပါတယ်။

ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်မယ့် အသင်း(၃၂)သင်းထဲက ဝင်ခွင့်အသင်း(၃၀)သင်းရဲ့အမည်စာရင်းထွက်ပေါ်ထားပြီး အခုအချိန်မှာ (၂)သင်းသာကျန်ပါတော့တယ်။

ဒီနှစ်သင်းက တောင်အမေရိကတိုက်(CONMEBOL ဇုန်)က ၂၀၂၄ လီဘာတာဒိုးစ်ချန်ပီယံအသင်းနဲ့ အိမ်ရှင်ကလပ်အဖြစ် ကွန်ကာကပ်ဖ်(CONCACAF)ဇုန်က နောက်ဆုံး(၄)နှစ်ပေါင်း အဆင့်သတ်မှတ်ချက်(Ranking)အမြင့်ဆုံးကလပ်အသင်းဖြစ်ပါတယ်။

၂၀၂၄ လီဘာတာဒိုးစ်ချန်ပီယံအသင်းက အခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ အဖြေပေါ်မှာဖြစ်ပြီး ကွန်ကာကပ်ဖ်(CONCACAF)ဇုန်က Ranking အမြင့်ဆုံးကလပ်အသင်းကလည်း ဒီနှစ်ကုန်ပိုင်းမှ အဖြေပေါ်မှာပါ။

ဒီပြိုင်ပွဲကို အမေရိကန်နိုင်ငံတစ်နိုင်ငံတည်းက ကျင်းပမှာဖြစ်ပေမယ့် အိမ်ရှင်ကို ကွန်ကာကပ်ဖ်ဇုန်အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။

ဥရောပဇုန်က ကလပ်အသင်း(၁၂)သင်းဝင်ခွင့်ရထားပြီး နောက်ဆုံး(၄)ရာသီမှာ ချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့(၃)သင်း(ချယ်လ်ဆီး၊ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး)နဲ့ နောက်ဆုံး(၄)ရာသီပေါင်း အဆင့်သတ်မှတ်ချက်(Ranking)အမြင့်ဆုံး(၉)သင်း(ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ အင်တာမီလန်၊ ပေါ်တို၊ ဘင်ဖီကာ၊ ဒေါ့မန်၊ ဂျူဗင်တပ်စ်၊ အက်သလက်တီကိုမက်ဒရစ်၊ ရက်ဒ်ဘူးလ်ဆဲလ်ဘာ့ဂ်)တို့ ဖြစ်ကြပါတယ်။

အာရှဇုန်က (၄)သင်းဝင်ခွင့်ရထားပြီး နောက်ဆုံး(၄)ရာသီမှာ အာရှချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့(၃)သင်း(အယ်လ်ဟီလယ်၊ အုရာဝရက်ဒ်ဒိုင်းမွန်း၊ အယ်လ်အိန်း)နဲ့ နောက်ဆုံး(၄)ရာသီပေါင်း အဆင့်သတ်မှတ်ချက်(Ranking)အမြင့်ဆုံး အူလ်ဆန်HD တို့ဖြစ်ပါတယ်။

ဝင်ခွင့်အသင်း(၃၀)သင်း

UEFA

Bayern Munich, Borussia Dortmund, Real Madrid, Manchester City, Chelsea, Inter Milan, Paris Saint-Germain, Benfica, Porto, FC Salzburg, Juventus, Atletico Madrid

CONMEBOL

Palmeiras, Flamengo, Fluminense, River Plate, Boca Junior

OFC

Auckland City

CAF

Al Ahly, Wydad Casablanca, Esperance de Tunis, Mamelodi Sundowns

AFC

Al-Hilal, Urawa Red Diamonds, Al Ain, Ulsan HD

CONCACAF

Monterrey, Seattle Sounders, Club Leon, Pachuca

Leave a Reply

Your email address will not be published. Required fields are marked *