လူဝကြီးရွန်နီ ဖရီးကစ်သွင်းပြီး ဆဲလ်တစ်ဂန္ထဝင်အသင်းကို မန်ယူနိုက်တက်ဂန္ထဝင်အသင်းရှုံးခဲ့တဲ့ ရန်ပုံငွေပွဲ

0

မန်ယူနိုက်တက်ဂန္ထဝင်အသင်းနဲ့ ဆဲလ်တစ်ဂန္ထဝင် အသင်းတို့ရဲ့ရန်ပုံငွေ ခြေစမ်းပွဲကို အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဒီနေ့ကျင်းပခဲ့ရာမှာ ဆဲလ်တစ်ဂန္ထဝင် အသင်းက ပယ်နယ်တီအဆုံးအဖြတ်မှာ (၅-၄)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီနှစ်သင်းက ပုံမှန်ပွဲချိန်အတွင်းမှာ (၄-၄)ဂိုးနဲ့ သရေကျခဲ့ကြတာပါ။

မန်ယူနိုက်တက်ဂန္ထဝင်အသင်းမှာ နည်းပြကြီးဖာဂူဆန်ရဲ့လက်အောက်မှာ ကစားခဲ့တဲ့ နာမည်ကျော်ကစားသမားများစွာပါဝင်ကစားခဲ့ပြီး ရွန်နီ၊ ပေါလ်စခိုးလ်၊ ကာရစ်၊ ဘာဘာတော့ဗ်၊ ဆီဗက်စတြာ၊ ဖလက်ချာ၊ ဗလင်စီယာအစရှိတဲ့ ကစားသမားတွေ ပွဲထွက်ကစားခဲ့ကြပါတယ်။

ဆဲလ်တစ်ဂန္ထဝင်အသင်းမှာလည်း ဘိုရပ်၊ ပီထရော့၊ ဆာမာရက်စ်၊ ဟက်ဆယ်လင့်ခ်၊ ဟူးပါးအစရှိတဲ့ ဂန္ထဝင်ကစားသမားတွေ ပွဲထွက်ကစားခဲ့ကြပါတယ်။

မန်ယူနိုက်တက်အသင်းအတွက် ဂိုးတွေကို ရွန်နီ၊ ဖလက်ချာနဲ့ လူစားဝင်လာတဲ့ ဒင်းနစ်အာဝင်၊ နစ်ကီဘတ်အစရှိတဲ့ကစားသမားဟောင်းတွေက သွင်းပေးခဲ့ကြပါတယ်။

မန်ယူနိုက်တက်အသင်းအတွက် ရွန်နီသွင်းယူတဲ့ဂိုးက ဖရီးကစ်ကတစ်ဆင့်သွင်းယူခဲ့တာဖြစ်ပြီး လှပတဲ့ကန်ချက်နဲ့ ကန်ခဲ့တာကြောင့် ဆဲလ်တစ်ဂိုးသမား ဖမ်းတောင်မဖမ်းလိုက်ရဘဲ ဂိုးထဲဝင်သွားခဲ့တာပါ။

အသက်ချင်းယှဉ်ရင် စီရော်နယ်ဒိုထက် (၈)လမက ငယ်တဲ့ ရွန်နီက အရင်လိုခန္ဓာကိုယ်မျိုးမဟုတ်တော့ဘဲ အလွန်ဝနေပေမယ့် ဖရီးကစ်ကို အရင်လိုခြေစွမ်းနဲ့ လှပစွာ သွင်းယူနိုင်ခဲ့တာပါ။

ဒီပွဲကရရှိတဲ့ ရန်ပုံငွေတွေကို ဒေသတွင်းမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ပညာရေးအတွက် ထောက်ပံ့ကူညီသွားမှာဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *