ဂိုးပေါက်ပျောက် ဘာပေနဲ့ ဂိုးမိုးခေါင်လာတဲ့ ပြင်သစ်အသင်း

0

ပြင်သစ်လက်ရွေးစင်အသင်းအတွက် ဒီနောက်ပိုင်းပွဲတွေမှာ အဓိကတိုက်စစ်မှူးဘာပေက ဂိုးပေါက်ပျောက်တဲ့ပွဲတွေများလာပြီး နောက်ဆုံးကစားခဲ့တဲ့(၁၂)ပွဲမှာ ပယ်နယ်တီ(၁)ဂိုးအပါအဝင် (၂)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ဘာပေတင် ဂိုးပေါက်ပျောက်တာမဟုတ်ဘဲ ပြင်သစ်အသင်းက တခြားရှေ့တန်းတိုက်စစ်မှူးတွေလည်း ဂိုးသွင်းနှုန်း သိသိသာသာ ကျဆင်းလာတာ အသင်းရဲ့ရလဒ်တွေက သက်သေခံနေပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲ(၈)ပွဲမှာ စုစုပေါင်း(၅)ဂိုးပဲ သွင်းယူနိုင်ခဲ့ပြီး ဒီအထဲမှာ ပြင်သစ်ကစားသမားတွေက သွင်းယူတာ (၃)ဂိုးပဲရှိပါတယ်။

ကျန်(၂)ဂိုးက ပြိုင်ဘက်ကစားသမားတွေက ပြင်သစ်အသင်းအတွက် ကိုယ့်ဂိုးကိုယ်သွင်းမိကြတာပါ။ ယူရို – ၂၀၂၄ ပြိုင်ပွဲတုန်းက သြစတြီးယားကိုနိုင်တဲ့ပွဲနဲ့ဘယ်လ်ဂျီယံကိုနိုင်တဲ့ပွဲတွေက ပြိုင်ဘက်ကစားသမားတွေ ကိုယ့်ဂိုးကိုယ် Own Goal သွင်းခဲ့ကြတာပါ။

ကျန်တဲ့(၃)ဂိုးမှာလည်း တစ်ဂိုးက ယူရို-၂၀၂၄ အုပ်စုနောက်ဆုံးပွဲစဉ် ပြင်သစ်(၁-၁)ပိုလန်ပွဲမှာ ဘာပေသွင်းယူခဲ့တဲ့ပယ်နယ်တီဖြစ်ပါတယ်။

ဒါကြောင် ပြင်သစ်လက်ရွေးစင်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲ(၈)ပွဲမှာ Open Play ကနေ သွင်းယူနိုင်တဲ့ဂိုးဆိုလို့ (၂)ဂိုးသာ ရှိပါတယ်။

ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ် စပိန်(၂-၁)ပြင်သစ်ပွဲမှာ တိုက်စစ်မှူးမူအာနီသွင်းယူခဲ့တဲ့ဂိုး၊ မနေ့က ကစားခဲ့တဲ့ UEFA Nations League အဖွင့်ပွဲစဉ် ပြင်သစ်(၁-၃)အီတလီပွဲမှာ တောင်ပံကစားသမားဘာကိုလာ သွင်းယူခဲ့တဲ့ဂိုး(၂)ဂိုးသာ Open-Play ကနေ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အသင်း တိုက်စစ်ကျဆင်းသွားခြင်းနဲ့အတူ နောက်ဆုံး(၈)ပွဲမှာ (၅)ပွဲ ဂိုးပေါက်ပျောက်ခဲ့သလို နိုင်ပွဲပျောက်တာလည်း (၅)ပွဲအထိ ရှိခဲ့ပါတယ်။

မနေ့က ပွဲမှာလည်း အီတလီအသင်းကို ပါရီမြို့က Parc des Princes ကွင်းမှာ သမိုင်းတစ်လျှောက်ပထမဆုံးအနေနဲ့ ရှုံးခဲ့ရပါတယ်။

ဒါကြောင့် ဂိုးမိုးခေါင်တာကို ပြင်သစ်အသင်း ပြန်လည်ပြင်ဆင်ပြီး လမ်းကြောင်းမှန်ပေါ်ကို ပြန်တက်လာမလားဆိုတာ …

Leave a Reply

Your email address will not be published. Required fields are marked *