၂၀၂၄ သြဂုတ်လရဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြ ဟာဇယ်လာ

0

ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ်လအတွက် ချီးမြှင့်တဲ့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆု(Premier League Manager of the Month)ကို ဘရိုက်တန်အသင်းနည်းပြ ဖေဘီယန်ဟာဇယ်လာက ဆွတ်ခူးခဲ့ပါတယ်။

ဒီရာသီမှ ပရီးမီးယားလိဂ်ကို စတင်ရောက်ရှိလာပြီး ဘရိုက်တန်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဂျာမန်လူမျိုးနည်းပြဟာဇယ်လာဟာ ရာသီအစမှာ အဲဗာတန်၊ မန်ယူနိုက်တက်အသင်းတို့ကို သူ့အသင်းအနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အာဆင်နယ်အသင်းနဲ့ သရေကျခဲ့ပါတယ်။

ဒါကြောင့် သူ့အသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ပွဲတိုင်းနိုင်ထားတဲ့ မန်စီးတီး၊ လီဗာပူးလ်တို့ ရဲ့နောက် တတိယနေရာမှာ ရှိနေပြီး ဒီရာသီချန်ပီယံပြေးလမ်းနဲ့ ဥရောပဝင်ခွင့်ပြေးလမ်းတွေမှာ အသင်းကြီးတွေနဲ့ အပြိုင်နွှဲမယ့် အနေအထားမှာ ရှိနေပါတယ်။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အသက်အငယ်ဆုံးနည်းပြအဖြစ် စံချိန်တင်ထားတဲ့ဟာဇယ်လာဟာ ဒီဆုကို ရရှိတဲ့ ဒုတိယမြောက် ဘရိုက်တန်အသင်းနည်းပြဖြစ်လာပြီး အရင်က ဒီဆုကို ရယူဖူးတဲ့ ဘရိုက်တန်နည်းပြက ခရစ္စဟောက်တန်(၂၀၁၈ ဖေဖော်ဝါရီလ)တစ်ဦးတည်းသာ ရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *