ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် မြောက်လန်ဒန်ဒါဘီ အဝေးကွင်းပွဲမှာ (၃)ပွဲဆက်နိုင်တဲ့ အာဆင်နယ်

0

အာဆင်နယ်အသင်းဟာ မနေ့က ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ် စပါး-အာဆင်နယ်ပွဲမှာ မြို့ခံပြိုင်ဘက်စပါးအသင်းကို အဝေးကွင်းမှာ (၁-ဝ)ဂိုးနဲ့ အနိုင်ရပြီး နောက်ခံလူ ဂါဘရီယယ်က တစ်လုံးတည်းသော အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ စပါးအသင်းရဲ့တော့တင်ဟမ်ဟော့စပါးကွင်းမှာ ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီ (၃)ပွဲဆက်တိုက်အနိုင်ရခဲ့တာဖြစ်ပြီး ဒီလိုအနိုင်ရတာက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

နောက်ခံလူ ဂါဘရီယယ် ခေါင်းတိုက်သွင်းခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုး

အရင်က ခါးသီးတဲ့ပြိုင်ဘက် စပါးအသင်းရဲ့ကွင်းမှာ အာဆင်နယ်အသင်းအနေနဲ့ (၃)ပွဲဆက်တိုက်အနိုင်ရဖို့ နေနေသာသာ အနိုင်ရဖို့တောင် အတော်ကို ရုန်းကန်ခဲ့ရတာပါ။

အာဆင်နယ်အနေနဲ့ ဒီကွင်းမှာ ကစားခဲ့တဲ့နောက်ဆုံး(၁၀)ပွဲမှာ ဒီ(၃)ပွဲပဲဆက်တိုက်အနိုင်ရတာဖြစ်ပြီး ရှေ့(၇)ပွဲမှာ (၅)ပွဲရှုံးကာ (၂)ပွဲသရေကျခဲ့ပါတယ်။

ဆက်တိုက်အနိုင်ရတဲ့ (၃)ပွဲမတိုင်ခင် တော့တင်ဟမ်ဟော့စပါးကွင်းမှာ အာဆင်နယ်အသင်းဟာ (၄)ပွဲဆက်တိုက်ရှုံးခဲ့တဲ့အထိ အခြေအနေဆိုးခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ဂန္ထဝင် နည်းပြကြီး အာဆင်ဝင်းဂါးအပါအဝင် အရင်နည်းပြအဆက်ဆက်မရယူနိုင်ခဲ့တဲ့ မှတ်တမ်းတစ်ခုကို လက်ရှိနည်းပြ အာတီတာက ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ာ့တင်ဟမ်ဟော့စပါးကွင်းမှာ ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီ (၃)ပွဲဆက်တိုက်အနိုင်ရခဲ့တာဖြစ်ပြီး ဒီလိုအနိုင်ရတာက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *