ပရီးမီးယားလိဂ်မှာ အဝါကတ်စံချိန်တင်ခဲ့တဲ့ ဘုန်းမောက်-ချယ်လ်ဆီးပွဲ

0

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄)က ဘုန်းမောက်(ဝ-၁)ချယ်လ်ဆီးပွဲမှာ နှစ်ဖက်အသင်းဟာ အဝါကတ်(၁၄)ကတ်အထိ အပြခံရပါတယ်။

ဒါဟာပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲတစ်ပွဲအတွင်းအဝါကတ်အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။

ဒီပွဲမှာ ဒိုင်လူကြီး အန်တိုနီတေလာက ဘုန်းမောက်အသင်းကို အဝါကတ်(၆)ကတ်၊ ချယ်လ်ဆီးအသင်းကို အဝါကတ်(၈)ကတ်အထိ ပြခဲ့တာပါ။

နှစ်ဖက်အသင်းက ပွဲထွက်ကစားသမား(၆)ဦးစီ အဝါကတ်ပြခံခဲ့ရပြီး ချယ်လ်ဆီးအသင်းကတော့ လူစားဝင် ကစားသမားတွေဖြစ်တဲ့ ဆန်ချိုနဲ့ ဂျော်အိုဖီးလစ်တို့ပါ အဝါကတ်အပြခံခဲ့ရတာပါ။

အရင်က ပရီးမီးယားလိဂ်မှာ ပွဲတစ်ပွဲအတွင်း အဝါကတ်စံချိန်တင်ပြခဲ့တာက ၂၀၂၃ စက်တင်ဘာလအတွင်းက ကစားခဲ့တဲ့ စပါး(၂-၁)ရှက်ဖီးယူနိုက်တက်ပွဲမှာဖြစ်ပြီး ဒိုင်လူကြီး ပီတာဘန့်ခ်က အဝါကတ်(၁၃)ကတ်အထိ ပြခဲ့တာပါ။

ဘုန်းမောက်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ပရီးမီးယားလိဂ်အဝါကတ်စံချိန်ချိုးတဲ့အထိ အဝါကတ်တွေ တရကြမ်းပြခံခဲ့ရပြီးနောက်မှာ ဒီရာသီ အဝါကတ်အများဆုံးပြခံရတဲ့အသင်းစာရင်းမှာ အဆင့်(၁၊ ၂)နေရာတွေမှာ အသီးသီးရပ်တည်ခဲ့ကြပါတယ်။

ဒီရာသီမှာ ချယ်လ်ဆီးအသင်းက အဝါကတ် စုစုပေါင်း(၁၃)ကတ်၊ ဘုန်းမောက်အသင်းက အဝါကတ်(၁၂)ကတ်အပြခံထားရတာပါ။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက တစ်ရာသီအတွင်း အဝါကတ်စုစုပေါင်း(၁၀၅)ကတ်အပြခံရပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း အဝါကတ်အများဆုံးပြခံရတဲ့အသင်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ဒါကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ ဒီရာသီမှာ တစ်ပွဲချင်းအဝါကတ်စံချိန်ရိုက်ချိုးခဲ့သလို တစ်ရာသီလုံးအဝါကတ်စံချိန် ထပ်ချိုးဦးမလားဆိုတာ ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *