ကမ္ဘာ့တစ်ဝှမ်းက နိုင်ငံလက်ရွေးစင်အသင်း (၄၈)သင်းအထိကို ဂိုးသွင်းထားးတဲ့ စီရော်နယ်ဒို

0

မနေ့ညက ကစားခဲ့တဲ့ UEFA Nations League ပွဲစဉ် ပေါ်တူဂီ(၂-၁)စကော့တလန်ပွဲမှာ အနိုင်ဂိုးကို ပွဲချိန်(၈၈)မိနစ်မှာ သွင်းယူပေးခဲ့ပြီးနောက် ကမ္ဘာ့ပေါ်က နိုင်ငံလက်ရွေးစင်အသင်းတွေထဲမှာ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒို ဂိုးသွင်းတာ နိုင်ငံလက်ရွေးစင်အသင်း (၄၈)သင်းအထိရှိလာပါတယ်။

စီရော်နယ်ဒိုဟာ အရင်က စကော့တလန်အသင်းကို ဂိုးမသွင်းဖူးသေးဘဲ အခုမှ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဒီပွဲမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအနေနဲ့ စီရော်နယ်ဒိုက အရန်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ဒုတိယပိုင်းအစမှ လူစားထိုးကစားပြီး ပွဲပြီးခါနီး
အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။

စီရော်နယ်ဒိုရဲ့ကစားသမားဘဝမှာ ဂိုးအများဆုံးသွင်းခဲ့တဲ့ နိုင်ငံလက်ရွေးစင်အသင်းက လူဇင်ဘတ်အသင်းဖြစ်ပြီး (၁၁)ဂိုးသွင်းယူထားတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *