ဆွစ်ဇာလန်နည်းပြ ယာကင်နဲ့ စိတ်ဝမ်းကွဲနေတယ်ဆိုတဲ့ သတင်းတွေကို ရှာကာပယ်ချ

0

ဒီနေ့ကစားမယ့် ဟန်ဂေရီ-ဆွစ်ဇာလန် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဆွစ်ဇာလန်အသင်းခေါင်းဆောင် ရှာကာက နည်းပြ ယာကင်နဲ့ စိတ်ဝမ်းကွဲမှုဖြစ်ခဲ့တယ်ဆိုပြီး ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေကို ပယ်ချခဲ့ပါတယ်။

ဆွစ်ဇာလန်အသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲနောက်ဆုံးကစားခဲ့တဲ့ (၈)ပွဲမှာ အန်ဒိုရာတစ်သင်းတည်းကိုသာ အနိုင်ရခဲ့ပြီး အုပ်စုတွင်း ဒုတိယနေရာနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။

ဒီလိုပြောဆိုမှုဟာ လူမျိုးရေးခွဲခြားသလိုဖြစ်ခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်မှုတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘန်တန်ကာဟာ သူ့ရဲ့ဆိုရှယ်မီဒီယာကနေ ဆွန်ဟောင်မင်ကို တောင်းပန်ကြောင်းရေးသားခဲ့တာပါ။

ဘန်တန်ကာက “ဆွန်နီအစ်ကိုရေ ဖြစ်ပျက်ခဲ့တာတွေအတွက် ကျွန်တော် ခင်ဗျားကိုတောင်းပန်ပါတယ်။ ဒါက အလွန်ဆိုးရွားတဲ့ နောက်ပြောင်မှုတစ်ခုပါ။ ကျွန်တော် ခင်ဗျားကိုချစ်တယ်ဆိုတာ ခင်ဗျားသိသလို ခင်ဗျားကို ဘယ်တော့မှမလေးမစားလုပ်မှာမဟုတ်ပါဘူး။ တခြားသူတွေကိုလည်း ဒီလိုပါပဲ။ ကျွန်တော်ခင်ဗျားကိုချစ်တယ် အစ်ကို”လို့ ရေးသားခဲ့ပါတယ်။

ဘန်တန်ကာဟာ လက်ရှိအချိန်မှာ ကိုပါအမေရိကဖလားပြိုင်ပွဲယှဉ်ပြိုင်ဖို့အတွက် ဥရုဂွေးအသင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်နေတာပါ။ ဥရုဂွေးအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အမေရိကန်၊ ပနားမား၊ ဘိုလီဗီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် ဇွန်(၂၄)ရက်မှာ ပနားမားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *