လူမျိုးရေးခွဲခြားတဲ့ နောက်ပြောင်မှုပြုလုပ်ပြီးနောက် ဆွန်ဟောင်မင်ကို ဘန်တန်ကာ တောင်းပန်

0

ဥရုဂွေးကွင်းလယ်လူ ဘန်တန်ကာဟာ အင်တာဗျူးတစ်ခုမှာ လူမျိုးရေးခွဲခြားတဲ့ နောက်ပြောင်မှုပြုလုပ်ပြီးနောက် စပါးအသင်းဖော် ဆွန်ဟောင်မင်ကို လူသိရှင်ကြားတောင်းပန်ခဲ့ပါတယ်။

ဘန်တန်ကာဟာ သူ့ကို အင်တာဗျူးပြုလုပ်တဲ့သူက စပါးအသင်းဖော် ဆွန်ဟောင်မင်ရဲ့အင်္ကျီတောင်းခံချိန်မှာ သူတို့တွေအားလုံးဟာ ရုပ်အတူတူပဲဖြစ်တဲ့အတွက် ဆွန်ဟောင်မင်ရဲ့ဝမ်းကွဲညီအစ်ကိုဆီကနေ အင်္ကျီယူသင့်တယ်လို့ ပြောခဲ့တာပါ။

ဒီလိုပြောဆိုမှုဟာ လူမျိုးရေးခွဲခြားသလိုဖြစ်ခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်မှုတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘန်တန်ကာဟာ သူ့ရဲ့ဆိုရှယ်မီဒီယာကနေ ဆွန်ဟောင်မင်ကို တောင်းပန်ကြောင်းရေးသားခဲ့တာပါ။

ဘန်တန်ကာက “ဆွန်နီအစ်ကိုရေ ဖြစ်ပျက်ခဲ့တာတွေအတွက် ကျွန်တော် ခင်ဗျားကိုတောင်းပန်ပါတယ်။ ဒါက အလွန်ဆိုးရွားတဲ့ နောက်ပြောင်မှုတစ်ခုပါ။ ကျွန်တော် ခင်ဗျားကိုချစ်တယ်ဆိုတာ ခင်ဗျားသိသလို ခင်ဗျားကို ဘယ်တော့မှမလေးမစားလုပ်မှာမဟုတ်ပါဘူး။ တခြားသူတွေကိုလည်း ဒီလိုပါပဲ။ ကျွန်တော်ခင်ဗျားကိုချစ်တယ် အစ်ကို”လို့ ရေးသားခဲ့ပါတယ်။

ဘန်တန်ကာဟာ လက်ရှိအချိန်မှာ ကိုပါအမေရိကဖလားပြိုင်ပွဲယှဉ်ပြိုင်ဖို့အတွက် ဥရုဂွေးအသင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်နေတာပါ။ ဥရုဂွေးအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အမေရိကန်၊ ပနားမား၊ ဘိုလီဗီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် ဇွန်(၂၄)ရက်မှာ ပနားမားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *