အသက်(၅၄)နှစ်အရွယ်မှာပဲ လူ့လောကကို စွန့်ခွာသွားတဲ့ တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်

0

အာဆင်နယ်အသင်းနဲ့ အဲဗာတန်အသင်းမှာ ကစားခဲ့တဲ့ တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်ဟာ ကာလကြာရှည် နာမကျန်းဝေဒနာခံစားခဲ့ရပြီးနောက် ဒီနေ့ (ဇွန် ၁၅ ရက်) ကွယ်လွန်အနိစ္စရောက်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ကီဗင်ကမ်းဘဲလ်ဟာ ကွယ်လွန်ချိန်မှာ အသက်(၅၄)နှစ်အရွယ်ရှိပြီဖြစ်ပြီး ကျန်းမာရေးအခြေအနေဆိုးရွားလာတာကြောင့် အခုဇွန်လအစောပိုင်းက ဆေးရုံကို တင်ပို့ခဲ့ရပါတယ်။ ဒါပေမယ့် အခြေအနေက သက်သာမလာဘဲ ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ကီဗင်ကမ်းဘဲလ်ဟာ လွန်ခဲ့တဲ့လအနည်းငယ်က လေဖြတ်သွားခဲ့တာကြောင့် ကျန်းမာရေးချို့တဲ့ခဲ့ပြီး ကျောက်ကပ်ဝေဒနာခံစားနေရကြောင်းလည်း သိရပါတယ်။ လေဖြတ်နေပေမယ့် ကျန်းမာရေးအခြေအနေဆိုးဆိုးရွားရွားမဖြစ်ခင် ကမ်းဘဲလ်ဟာ သူ့အာဆင်နယ်အသင်းဖော်ဟောင်းတွေဆီ ဆက်သွယ်ပြီး သူနေကောင်းကြောင်း မက်ဆေ့ချ် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ကွယ်လွန်သူ ကီဗင်ကမ်းဘဲလ်အတွက် အာဆင်နယ်အသင်းမှ နှုတ်ဆက်ဆုတောင်းစာ

ကီဗင်ကမ်းဘဲလ်ဟာ အာဆင်နယ်အသင်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝစခဲ့ပြီး ၁၉၈၈ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ကစားခဲ့ပါတယ်။ လေတန်၊ လက်စတာအသင်းတွေမှာ အငှားကစားခဲ့ပြီးနောက် ကမ်းဘဲလ်ဟာ ဖောရက်စ်၊ ထရာဇွန်စပေါ်အသင်းတွေမှာ ကစားခဲ့ပြီး အဲဗာတန်အသင်းမှာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ ကစားခဲ့တာပါ။ သူ့ကစားသမားဘ၀ နေဝင်ချိန်မှာတော့ ဝက်စ်ဘရွန်း၊ ကာဒစ်ဖ်အစရှိတဲ့အသင်းတွေမှာ ကစားခဲ့ပါတယ်။

ကမ်းဘဲလ်ရဲ့သားတစ်ဦးဖြစ်သူ တိုင်ရီဆီဟာ သူ့ဖခင်ခြေရာနင်းကာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးအဖြစ်ရပ်တည်နေပြီး စတုတ်စီးတီးအသင်းမှာ ကစားနေကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *