ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်ရဲ့ ခေါင်းဆောင်မှုအဖွဲ့မှာ ဘယ်လင်ဂမ်ကို ဆောက်ဂိတ်ထည့်သွင်း

0

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းရဲ့ခေါင်းဆောင်မှုအဖွဲ့မှာ ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ ဘယ်လင်ဂမ်ကိုထည့်သွင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်၊လာလီဂါဖလားတို့ကို ရယူနိုင်ခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းလူစာရင်းမှာ တတိယမြောက်အသက်အငယ်ဆုံးကစားသမားဖြစ်ပေမယ့် နိုင်ငံအသင်းရဲ့ခေါင်းဆောင်မှုအဖွဲ့မှာပါဝင်ခဲ့တာပါ။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ အသက်(၂၀)အရွယ်ရှိ ဘယ်လင်ဂမ်ကို အသင်းခေါင်းဆောင် ဟာရီကိန်း၊နောက်ခံလူ ဝေါလ်ကာ၊ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်တို့နဲ့အတူ ရွေးချယ်ထားတဲ့ ခေါင်းဆောင်မှုအဖွဲ့ထဲကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းမှာ လူငယ်ကစားသမားတွေအများကြီးပါဝင်တာကြောင့် နည်းပြဆောက်ဂိတ်ဟာ ဘယ်လင်ဂမ်ကို လူငယ်ကစားသမားတွေနဲ့ စကားပြောတဲ့အချိန်မှာ သူ့ကိုအသုံးပြုနိုင်တာပါ။

ဆောက်ဂိတ်က “ကျွန်တော်တို့ဟာ ကစားသမားတွေအားလုံးနဲ့ အလွန်ပွင့်လင်းတဲ့ဆက်ဆံရေးရှိတယ်လို့ ထင်ပါတယ်။ ဟာရီကိန်း၊ဝေါလ်ကာ၊ဒက်ကလန်ရိုက်စ်၊ဘယ်လင်ဂမ်တို့နဲ့အတူ ဒီပြိုင်ပွဲအတွက် ခေါင်းဆောင်မှုအဖွဲ့တစ်ခုကို ဖွဲ့ခဲ့ပါတယ်။ ကျွန်တော်ဟာ လူငယ်ကစားသမားတွေရဲ့အသံကိုသေချာသိချင်ပြီး အဆက်အသွယ်လည်းရှိချင်တယ်”လို့ မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်ပြောခဲ့ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ်ရှိနေတဲ့ အင်္ဂလန်အသင်းဟာ ဒီနေ့မှာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဆားဘီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *