၂၀၂၄-၂၅ ရာသီအတွက် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ထုတ်ပြန်ခဲ့ပြီး မန်ယူနိုက်တက် စံချိန်တစ်ခုရရှိ

0

၂၀၂၄-၂၅ ရာသီအတွက် ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုထုတ်ပြန်ခဲ့ရာမှာ မန်ယူနိုက်တက်အသင်းဟာ စံချိန်သစ်တင်နိုင်ခဲ့တယ်လို့ OptaJoe က ဖော်ပြထားပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ရာသီသစ်ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

မန်ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ (၈)ရာသီဆက်တိုက် အဖွင့်ပွဲစဉ်ကို အိမ်ကွင်းမှာကစားရတဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၈)နေရာရပ်တည်ပြီး ရာသီအဆုံးသတ်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းဟာ ရာသီသစ်ကို ကောင်းမွန်စွာစတင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ မန်ယူနိုက်တက်အသင်းနဲ့ ဖူလ်ဟမ်အသင်းရဲ့ပွဲစဉ်ဟာ ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အဖွင့်ပွဲစဉ်ဖြစ်ပြီး သြဂုတ်(၁၆)ရက်မှာ ကျင်းပသွားမှာပါ။ မန်ယူနိုက်တက်အသင်းဟာ သြဂုတ်(၃၁)ရက်မှာတော့ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ခရစ္စမတ်ကာလအတွင်းမှာ မန်ယူနိုက်တက်အသင်းဟာ ပွဲကြပ်တွေဆက်တိုက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာဆင်နယ်၊ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ကို အဝေးကွင်းမှာ သွားရောက်ကစားရမှာပါ။ မန်ယူနိုက်တက်အသင်းဟာ ရာသီနောက်ဆုံးပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ မေ(၂၅)ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *