ပေါ်တူဂီအနိုင်ဂိုးရပြီးနောက် ပြိုင်ဘက်တွေကို လှောင်ပြောင်ခဲ့တဲ့ စီရော်နယ်ဒိုကို ပရိသတ်တွေ ဝေဖန်

0

မနေ့က ပေါ်တူဂီ(၂-၁) ချက် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်ရဲ့ ထပ်ဆောင်းအချိန်ပိုမှာ ပေါ်တူဂီအသင်း အနိုင်ဂိုးသွင်းယူပြီးနောက် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ချက်အသင်းကစားသမားတွေကို လှောင်ပြောင်အောင်ပွဲခံခဲ့တာကြောင့် ဆိုရှယ်မီဒီယာမှာ ပရိသတ်တွေရဲ့ဝေဖန်မှုကို ခံခဲ့ရပါတယ်။

ပေါ်တူဂီအသင်းဟာ ဒီပွဲစဉ်မှာ ချက်အသင်းကို ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် အနောက်ကနေလိုက်ပြီး ချေပဂိုးနဲ့ အနိုင်ဂိုးသွင်းယူကာ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်ကို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့တာပါ။

ယူရိုပြိုင်ပွဲကို စံချိန်တင်(၆)ကြိမ်မြောက်အဖြစ် ပါဝင်ကစားခဲ့တဲ့ စီရော်နယ်ဒိုဟာ အသင်းဖော် ကွန်ဆီကာအိုက ပေါ်တူဂီအသင်းအတွက် အနိုင်ဂိုးသွင်းယူအပြီးမှာ ချက်အသင်းဂိုးသမားရှေ့အောင်ပွဲခံခဲ့သလို ကွင်းလယ်ကစားသမားတစ်ဦးရဲ့နားနာမှာ တစ်စုံတစ်ခုအော်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် စီရော်နယ်ဒိုရဲ့အပြုအမူကို ပရိသတ်တွေက ဝေဖန်ခဲ့တာပါ။

ပရိသတ်တစ်ဦးက “ဒါဟာ အဆင့်အတန်းမရှိတဲ့လုပ်ရပ်လို့ “ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးက “မက်ဆီဆိုရင် သူ့ရဲ့ပြိုင်ဘက်ကို ဒီလိုမျိုးလုပ်မှာမဟုတ်ဘူး”လို့ ရေးသားကာ နောက်ထပ်တစ်ဦးက “သူဟာ အဆိုးရွားဆုံးအားကစားသမားတစ်ဦး”လို့ မှတ်ချက်ရေးသားခဲ့တာဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ဒီပွဲမှာ ပေါ်တူဂီအသင်းအတွက် ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့် လာမယ့်ပွဲစဉ်တွေမှာ ဂိုးသွင်းပြီး ယူရိုပြိုင်ပွဲမှာ စံချိန်တင်နိုင်ဖို့ မျှော်လင့်နေတာပါ။ ပေါ်တူဂီအသင်းဟာ ယူရို-၂၀၂၄ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇွန်(၂၂)ရက်မှာ တူရကီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *