မန်ယူနိုက်တက်က အန်ဒရီအိုနာနာနဲ့ မှားပြီးပြောခဲ့လို့ သတင်းထောက်ကို အမာဒူအိုနာနာ ဒေါသထွက်

0

ဘယ်လ်ဂျီယံအသင်းက ဆလိုဗက်ကီးယားအသင်းကို (ဝ-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်အပြီးမှာ အဲဗာတန်အသင်းကွင်းလယ်လူ အမာဒူအိုနာနာဟာ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန် သူ့ကို မန်ယူနိုက်တက်အသင်းဂိုးသမား အန်ဒရီအိုနာနာနဲ့ မှားပြီးပြောခဲ့တဲ့ သတင်းထောက်ကို ဒေါသထွက်နေတဲ့ ရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေခဲ့ပါတယ်။

အမာဒူအိုနာနာဟာ ဘယ်လ်ဂျီယံအသင်းက အရေးနိမ့်လို့ စိတ်ပျက်နေချိန်မှာ သူ့နာမည်ကို မှားယွင်းပြောခဲ့တဲ့ သတင်းထောက်အပေါ် ဒေါသတွေပုံချသွားခဲ့တာပါ။

အမာဒူအိုနာနာဟာ ပွဲအပြီး Mixed Zone မှာ မီဒီယာသမားတွေရဲမေးမြန်းမှုကို ဖြေဆိုနေခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာ သတင်းထောက်တစ်ဦးက မန်ယူနိုက်တက်အသင်းဂိုးသမား အန်ဒရီလို့ သူ့ကို ခေါ်ပြီး မေးမြန်းမှုပြုလုပ်ခဲ့တာပါ။ အမာဒူအိုနာနာဟာ ဒီလိုမေးခံရပြီးနောက်မှာ သူ့ရဲ့မျက်နှာကို မေးတဲ့သူဘက်ချက်ချင်းလှည့်ကာ “အန်ဒရီက ငါ့ရဲ့နာမည်မဟုတ်ဘူး။ ဘာကိုဆိုလိုလဲဆိုတာ သိတယ်မလား”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာ အမာဒူအိုနာနာဟာ သူဖြေဆိုနေတဲ့ သတင်းထောက်ရဲ့အမေးတွေကို ဆက်ပြီးဖြေဆိုမှုတွေပြုလုပ်သွားခဲ့တာပါ။ အမာဒူအိုနာနာမတိုင်ခင် ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားကလည်း သတင်းထောက်ရဲ့မေးမြန်းမှုအပေါ် စိတ်ပျက်ပြီး ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ သတင်းထောက်တစ်ဦးက သူ့ရဲ့မေးခွန်းကို အင်္ဂလိပ်လိုဖြေပေးဖို့ ပြောခဲ့တာကို ဒီဘရိုင်းနားက မဖြေဘဲ Mixed Zone ကနေထွက်ခွာသွားခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းဟာ ဆလိုဗက်ကီးယားအသင်းကို အရေးနိမ့်ခဲ့တာကြောင့် လာမယ့်အုပ်စုဒုတိယပွဲစဉ်ဖြစ်တဲ့ ရိုမေးနီးယားအသင်းနဲ့ပွဲမှာ နိုင်ပွဲရယူနိုင်မှ နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ အခြေအနေကောင်းမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *