ကိုင်ဟာဗက်ဇ်ကို ရှုံးထွက်အဆင့်တွေမှာ ပွဲထွက်လူစာရင်းကနေ ဖယ်ဖို့ ဂျာမနီပရိသတ်တွေ တောင်းဆို

0

ဂျာမနီအသင်းပရိသတ်တွေဟာ လာမယ့်ယူရို-၂၀၂၄ ပြိုင်ပွဲရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ကို ပွဲထွက်လူစာရင်းကဖယ်ဖို့ ဂျာမနီအသင်းကို တောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

ပရိသတ်ပေါင်း(၁၄၀,၀၀၀)နီးပါးရဲ့စစ်တမ်းတစ်ခုမှာ (၉၀)ရာခိုင်နှုန်းက အာဆင်နယ်အသင်းကြယ်ပွင့် ကိုင်ဟာဗက်ဇ်ကို ပွဲထွက်လူစာရင်းကဖယ်ပြီး သူ့နေရာမှာ ဒေါ့မွန်အသင်းတိုက်စစ်မှူး ဖူလ်ကုကို အသုံးပြုချင်နေတာကို တွေ့ရှိခဲ့ရတာပါ။

ကိုင်ဟာဗက်ဇ်ဟာ ဂျာမနီအသင်းက စကော့တလန်အသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ ပယ်နယ်တီကနေ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးပေါက်ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

ကိုင်ဟာဗက်ဇ်ဟာ ဂျာမနီအသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့(၁)ဂိုးစီ သရေကျခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဂိုးပေါက်ကိုတစ်ကြိမ်သာ တည့်အောင်ကန်သွင်းနိုင်ခဲ့တာပါ။ အဲ့ဒါကြောင့် ဂျာမနီသတင်းစာ Bild က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ ပရိသတ်တွေက ဆွစ်ဇာလန်အသင်းနဲ့ပွဲစဉ်ရဲ့ထပ်ဆောင်းအချိန်ပိုမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဖူလ်ကုကို ပွဲထွက်လူစာရင်းမှာ အသုံးပြုစေချင်နေတာဖြစ်ပါတယ်။

ဖူလ်ကုဟာ စကော့တလန်အသင်းနဲ့ပွဲစဉ်မှာလည်း ဂျာမနီအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဟိုင်ဟာဗက်ဇ်ထက် နံပတ်(၉)နေရာမှာ ကစားတာပိုပြီးကောင်းမွန်နေတာပါ။ ကိုင်ဟာဗက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းမှာ False 9 ကစားချိန်ကောင်းမွန်စွာလုပ်နိုင်ခဲ့ပေမယ့် သူ့ရဲ့ကစားသမားဘဝအများစုကို ကွင်းလယ်မှာသာ ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ ဂျာမနီအသင်းဟာ လာမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်မှာ အင်္ဂလန်အသင်းအုပ်စုက ဒုတိယရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

အဲ့ဒါကြောင့် ဒီပွဲစဉ်မှာ ကိုင်ဟာဗက်ဇ်ကို ပွဲထွက်လူစာရင်းက ဖယ်ချင်နေတဲ့ ဂျာမနီအသင်းပရိတ်သတ်တွေရဲ့ဆန္ဒကို ဂျာမနီအသင်းဘက်က လုပ်ဆောင်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *