မန်ယူနိုက်တက်နဲ့ နည်းပြ တန်ဟတ် စာချုပ်သစ်ချုပ်ဆိုဖို့ အလွန်နီးစပ်နေပြီလို့ သတင်းထွက်ပေါ်

0

ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အလွန်နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

အဲရစ်တန်ဟတ်ဟာ လာမယ့်ရာသီ မန်ယူနိုက်တက်အသင်းမှာ ဆက်ရှိမယ်လို့ အတည်ပြုပြီးကတည်းက စာချုပ်သစ်ချုပ်ဆိုဖို့က အဓိကဦးစားပေးအဖြစ်ရှိခဲ့တာပါ။

အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းနည်းပြဘ၀ ပထမဆုံး(၂)ရာသီမှာ ဆုဖလား(၂)လုံးရယူပေးနိုင်ခဲ့ပေမယ့် ကလပ်မှာဆက်ရှိဖို့ မရေမရာဖြစ်ခဲ့သေးပါတယ်။ မန်ယူနိုက်တက်အသင်းရဲ့အားကစားဆိုင်ရာအခန်းကဏ္ဍကိုထိန်းချုပ်ထားတဲ့ INEOS ဟာ အဲရစ်တန်ဟတ်ကို စာချုပ်သက်တမ်းတိုးဖို့ ဦးဆောင်ဆွေးနွေးမှုပြုလုပ်ခဲ့တာဟာ နောက်ထပ်အဆင့်ကို ရောက်ရှိသွားခဲ့ပြီး ဒီတစ်ပတ်အတွင်း အပြီးသတ်ဖို့ စီစဉ်ထားတယ်လို့ နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။

တောင်းဆိုမှုအများအပြားကိုလည်း သဘောတူညီခဲ့ပြီးဖြစ်တာကြောင့် တန်ဟတ်ရဲ့ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့နည်းပြနဲ့ နောက်ဆုံးပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေ သဘောတူညီဖို့ စောင့်ဆိုင်းနေကြတာပါ။ အဲရစ်တန်ဟတ်ဟာ မကြာသေးခင်က ဒတ်ချ်ရုပ်သံလိုင်းတစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ်က လွယ်လွယ်နဲ့ ပြီးမြောက်နိုင်မှာမဟုတ်ဘူးလို့ မှတ်ချက်ပေးခဲ့​ပေမယ့် အခုတော့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်လာခဲ့တာဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ဟာ စာချုပ်သစ်ချုပ်ဆိုအပြီးမှာ သူ့ရဲ့နည်းပြအဖွဲ့ဝင်အချို့ကိုလည်း အပြောင်းအလဲပြုလုပ်ဖို့ ရှိနေပါတယ်။ အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းကို သူ့ရဲ့လက်ထောက်နည်းပြအဖြစ် ခေါ်ယူဖို့ဆက်သွယ်ထားတယ်လို့ သိရပါတယ်။ နစ္စတယ်ရွိုင်းကလည်း အခြားအသင်းအချို့နဲ့ သတင်းတွေထွက်နေပေမယ့် မန်ယူနိုက်တက်အသင်းထံ ပြန်လာချင်နေကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *