ဂျော်ဂျီယာနဲ့ အုပ်စုနောက်ဆုံးပွဲမှာ စီရော်နယ်ဒိုကို ပွဲထွက်လူစာရင်းမှာ အသုံးပြုမယ်လို့ မာတီနက်ဇ် အတည်ပြု

0

ဒီနေ့ကစားမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ် ဂျော်ဂျီယာ-ပေါ်တူဂီပွဲမှာ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုကို ပွဲထွက်အသုံးပြုမယ်လို့ နည်းပြ ရောဘတ်တိုမာတီနက်ဇ်က အတည်ပြုခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်(၂)ပွဲစလုံးအနိုင်ရရှိခဲ့ပြီး နောက်ဆုံးပွဲစဉ်မကစားခင်ကတည်းက အုပ်စုထိပ်ဆုံးနဲ့ Round of 16 ကို တက်ရောက်ထားပြီးဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ Round of 16 ပွဲစဉ်အတွက် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပွဲထွက်လူစာရင်းက ကစားသမားအများအပြားကို အနားပေးမယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ အုပ်စုပွဲစဉ်(၂)ပွဲစလုံးကို ပွဲချိန်ပြည့်ကစားခဲ့တဲ့ စီရော်နယ်ဒိုကို အနားပေးနိုင်တယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် မာတီနက်ဇ်က စီရော်နယ်ဒိုကို ပွဲထွက်လူစာရင်းမှာ အသုံးပြုမယ်လို့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ အတည်ပြုခဲ့တာပါ။

မာတီနက်ဇ်က “ခရစ္စတီယာနိုက ပွဲထွက်လူစာရင်းမှာ ပါဝင်မှာပါ၊ သူဟာ အလွန်အရေးပါတဲ့ ကစားသမားဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုအရှိန်ကို ဆက်ပြီးထိန်းထားရမှာဖြစ်တာကြောင့် သူ့ကို ကစားတာကနေ ရပ်လိုက်တာက ကောင်းတဲ့စိတ်ကူးမဟုတ်ပါဘူး။ Round of 16 ပွဲစဉ်က အရေးမကြီးသေးဘဲ ကျွန်တော်တို့ရဲ့အာရုံစိုက်မှုက ဂျော်ဂျီယာအသင်းနဲ့ပွဲစဉ်ဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စု(၂)ပွဲစလုံးကစားအပြီးမှာ သွင်းဂိုးမရရှိသေးတာကြောင့် ဂျော်ဂျီယာအသင်းနဲ့ပွဲစဉ်မှာ သွင်းဂိုးရရှိနိုင်ဖို့ မျှော်လင့်နေတာပါ။ ဂျော်ဂျီယာအသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့ရင် စီရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲမှာ စံချိန်သစ်အများအပြားကို တင်နိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *