ပရိသတ်တွေရဲ့အော်ဟစ်လှောင်ပြောင်မှုကြောင့် အသင်းဖော်တွေကို ဒီဘရိုင်းနား ကွင်းထဲက ထွက်စေခဲ့

0

မနေ့က ကစားခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ် ယူကရိန်း(၀-၀)ဘယ်လ်ဂျီယံပွဲ အပြီးမှာ ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင် ဒီဘရိုင်းနားဟာ ပရိသတ်တွေ အော်ဟစ်လှောင်ပြောင်နေတာကြောင့် သူ့ရဲ့အသင်းဖော်တွေကို ကွင်းထဲက အမြန်ဆုံးထွက်ခွာစေခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဆလိုဗက်ကီးယားအသင်းကိုအရေးနိမ့်ခဲ့ပေမယ့် နောက်ဆုံး(၂)ပွဲမှာ ရမှတ်(၄)မှတ်ရယူနိုင်ခဲ့လို့ အုပ်စုဒုတိယနဲ့ Round of 16 ကိုတက်ရောက်နိုင်ခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းဟာ ယူကရိန်းအသင်းနဲ့ပွဲမှာ နောက်ထပ်ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီးနောက် ပွဲအပြီးမှာ ပရိသတ်တွေရဲ့အော်ဟစ်လှောင်ပြောင်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအသင်းသားတွေဟာ ပရိသတ်တွေရှေ့ကိုလာရောက်ပြီး လက်ခုပ်တီးနှုတ်ဆက်ဖို့ လုပ်ခဲ့ပေမယ့် လှောင်ပြောင်သံတွေက ပိုပြီးထွက်လာတဲ့အတွက် ဒီဘရိုင်းနားဟာ သူ့ရဲ့အသင်းဖော်တွေကို ကွင်းထဲက ထွက်ခွာဖို့ ပြောခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းဟာ ဒီပွဲစဉ်ရဲ့ပွဲပြီးဖို့ နီးကပ်လာချိန်မှာ အနိုင်ရလဒ်ထက် သရေရလဒ်ကိုပဲ ဦးတည်ကစားခဲ့တာကြောင့် ပရိသတ်တွေက စိတ်ပျက်ခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းနားက ပွဲအပြီးအင်တာဗျူးမှာ သူတို့ဟာ အနိုင်ရဖို့ကြိုးစားခဲ့ပေမယ့် ဂိုးပေးရရင် ပြိုင်ပွဲကထွက်ရမှာဖြစ်လို့ စွန့်စားမှုတွေမလုပ်ခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ အုပ်စုတွင်းဒုတိယသာရခဲ့တာကြောင့် Round of 16 ပွဲစဉ်အဖြစ် ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *