ပွဲကြည့်စင်ပေါ်က ပရိသတ်တစ်ဦးရဲ့ခုန်ချမှုကြောင့် ဒဏ်ရာရနိုင်မယ့်အခြေအနေကို စီရော်နယ်ဒို ကြုံတွေ့ခဲ့ရ

0

မနေ့က ဂျော်ဂျီယာ(၂-၀)ပေါ်တူဂီ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်အပြီးမှာ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ပွဲကြည့်စင်ပေါ်က ပရိသတ်တစ်ဦး သူ့အပေါ်ခုန်ချလာမှုကြောင့် ဒဏ်ရာရနိုင်မယ့် အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ပေါ်တူဂီ(၃-၀)တူရကီ ပွဲစဉ်မှာ သူ့ကို ဆယ်လ်ဖီရိုက်ဖို့ ကွင်းအတွင်းဝင်ရောက်လာခဲ့တဲ့ ပရိသတ်တွေကြောင့် စိတ်ပျက်စရာကြုံတွေ့ခဲ့ရတာဖြစ်ပြီး အခုအချိန်မှာ ဒဏ်ရာရရှိနိုင်မယ့် အခြေအနေပါကြုံတွေ့ခဲ့ရတာပါ။

စီရော်နယ်ဒိုဟာ ပွဲအပြီးမှာ ဥမင်ထဲကို ဝင်ဖို့ သွားရောက်နေချိန်မှာ ပရိသတ်တစ်ဦးဟာ ပွဲကြည့်စင်ပေါ်ကနေ ခုန်ချလာခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာ လုံခြုံရေးဝန်ထမ်းတစ်ဦးဟာ ပရိသတ်ခုန်ချတာကို မြင်တာနဲ့ စီရော်နယ်ဒိုမထိအောင် အမြန်ဆုံးကာကွယ်ပေးခဲ့တာပါ။ စီရော်နယ်ဒိုဟာ ဒီအဖြစ်အပျက်ကြောင့် စိတ်ပျက်သွားခဲ့ပြီး အဆိုပါပရိသတ်သာသူ့ကိုထိခဲ့ရင် ဒဏ်ရာရရှိသွားနိုင်တာဖြစ်ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ ပြီးခဲ့တဲ့ တူရကီအသင်းနဲ့ပွဲစဉ်မှာ စီရော်နယ်ဒိုဆီကို ချဉ်းကပ်ဖို့ ပရိသတ်တွေကွင်းအတွင်း(၆)ကြိမ်အထိ ဝင်ရောက်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး အားကစားကွင်းအတွင်း လုံခြုံရေးအစီအမံတွေကို ပိုပြီးတိုးမြှင့်ထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီပွဲစဉ်မှာ ကွင်းအတွင်းပရိသတ်တွေဝင်ရောက်မှုမဖြစ်ခဲ့ပေမယ့် ပွဲအပြီးမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် UEFA အနေနဲ့ လုံခြုံရေးအစီအမံတွေကို ပိုပြီးလုပ်ဆောင်ရဖို့ရှိနေတာပါ။

ပေါ်တူဂီအသင်းဟာ ဇူလိုင်(၁)ရက်မှာ ဆလိုဗေးနီးယားအသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး UEFA အနေနဲ့ ဒီလိုဖြစ်ရပ်တွေထပ်မဖြစ်အောင် ဘယ်လိုတွေလုပ်ဆောင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *