ဆလိုဗက်ကီးယား အရန်ခုံတန်းဘက်ကို ညစ်ညမ်းတဲ့အမူအရာ လုပ်ပြခဲ့တယ်ဆိုတာကို ဘယ်လင်ဂမ် ငြင်းဆို

0

မနေ့က အင်္ဂလန်(၂-၁)ဆလိုဗက်ကီးယား(AET) ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်မှာ အင်္ဂလန်အသင်းကွင်းလယ်လူ ဘယ်လင်ဂမ်က သူဟာ ဆလိုဗက်ကီးယားအသင်းအရန်ခုံတန်းဘက်ကို ညစ်ညမ်းတဲ့အမူအရာ ပြုလုပ်ခဲ့တာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာ ဒီပွဲစဉ်မှာ အင်္ဂလန်အသင်း ကွာတားဖိုင်နယ်တက်နိုင်မယ့် အရေးပါတဲ့ ချေပဂိုးကို ထပ်ဆောင်းအချိန်ပို(၉၀+၄)မိနစ်မှာ သွင်းယူပေးခဲ့သူပါ။

ဘယ်လင်ဂမ်ဟာ ချေပဂိုးသွင်းယူအပြီး အင်္ဂလန်အသင်းကွင်းဘက်အခြမ်းကို သွားရောက်ချိန်မှာ သူ့ရဲ့ပေါင်ခြံအနားကို လက်နဲ့အမူအရာပြုလုပ်ပြီး ပြိုင်ဘက်အသင်းအရန်ခုံတန်းဘက်ကို ကြည့်နေခဲ့တာဖြစ်ပါတယ်။ ဘယ်လင်ဂမ်ဟာ ဆလိုဗက်ကီးယားအရန်ခုံတန်းဘက်ကို ဒီလိုအမူအရာပြုလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရပေမယ့် သူကတော့ ဆိုရှယ်မီဒီယာကနေ ဒါကို ပြင်းပြင်းထန်ထန်ငြင်းဆန်ခဲ့တာပါ။

ဘယ်လင်ဂမ်က “ဒါဟာ ကွင်းအတွင်းမှာရှိတဲ့ အရင်းအနှီးဆုံးသူငယ်ချင်းအချို့ကို နောက်ပြောင်ပြီးပြုလုပ်တဲ့အမူအရာပါ။ ဆလိုဗက်ကီးယားအသင်းရဲ့ကစားပုံကိုလေးစားတာကလွဲပြီး တခြားဘာမှမရှိပါဘူး”လို့ ရေးသားခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာ ဒီပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အကောင်းဆုံးကစားသမားဆု(MOTM)ရရှိခဲ့ပါတယ်။ ဘယ်လင်ဂမ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ MOTM ဆုကို(၂)ကြိမ်ရရှိထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *