ပြင်သစ် – ဘယ်လ်ဂျီယံ ပွဲစဉ်အပြီး သတင်းထောက်တစ်ဦးရဲ့မေးမြန်းမှုကို ဒီဘရိုင်းနား ဒေါသထွက်

0

မနေ့က ပြင်သစ်(၁-ဝ)ဘယ်လ်ဂျီယံ ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်အပြီးမှာ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းနားဟာ သတင်းထောက်တစ်ဦးရဲ့မေးခွန်းမေးမြန်းမှုကို ဒေါသထွက်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ပြင်သစ်အသင်းကို နောက်ကျ Own Goal နဲ့ အရေးနိမ့်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲက ထွက်ခွာခဲ့ရလို့ စိတ်ပျက်နေတဲ့ ဒီဘရိုင်းနားဟာ mixed zone မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တာပါ။

ဒီဘရိုင်းနားဟာ ဘယ်လ်ဂျီယံအသင်းရဲ့ရွှေရောင်မျိုးဆက်အစိတ်အပိုင်းမှာ ပါဝင်ပြီး ဒီအစုအဖွဲ့ဟာ နိုင်ငံအသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယရယူပေးခဲ့တာကလွဲပြီး ကြီးကြီးမားမား အောင်မြင်မှုရယူပေးနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၁၆ နဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲတွေမှာ ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အုပ်စုအဆင့်ကနေသာ ကျေနပ်ခဲ့ရတာပါ။ ဘယ်လ်ဂျီယံအသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာတော့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်နဲ့ Round of 16 က ထွက်ခဲ့ရတာဖြစ်ပါတယ်။

သတင်းထောက်တစ်ဦးက ရွှေရောင်မျိုးဆက်တွေဟာ ဆုဖလားမရယူပေးနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ချိန်မှာ ဒီဘရိုင်းနားဟာ ဒီမေးခွန်းကို နှစ်သက်ခဲ့ခြင်းမရှိတာပါ။ ဒီဘရိုင်းနားက “ပြင်သစ်၊ အင်္ဂလန်၊ စပိန်နဲ့ ဂျာမနီတို့က ရွှေရောင်မျိုးဆက်မဟုတ်ဘူးလို့ ခင်ဗျားပြောချင်တာလား”လို့ ပြန်မေးခဲ့ပြီးနောက် အင်တာဗျူးဖြေတာကနေ ထွက်ခွာကာ မိုက်မဲတယ်လို့ ပြောသွားခဲ့ပါတယ်။

ဒီဘရိုင်းနားဟာ သူ့ရဲ့လက်ရွေးစင်အသင်းအနာဂတ်နဲ့ ပတ်သက်ပြီးတော့လည်း သတင်းထောက်တွေရဲ့မေးမြန်းမှုကို ခံခဲ့ရပြီး သူက နွေရာသီအပြီးမှသာ ဒါကို ဆုံးဖြတ်မယ်လို့ ပြောသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *