စီရော်နယ်ဒိုရဲ့ပယ်နယ်တီလွဲချော်မှုကို လှောင်ပြောင်ခဲ့တဲ့ BBC ကို ဂျွန်တယ်ရီ ဝေဖန်

0

မနေ့က ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ် ပေါ်တူဂီ(ဝ-ဝ)ဆလိုဗေးနီးယားပွဲမှာ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုရဲ့ပယ်နယ်တီလွဲချော်မှုအပေါ် လှောင်ပြောင်တဲ့ စာတန်းအသုံးပြုခဲ့တဲ့ BBC ကိုအင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ဒီပွဲရဲ့အချိန်ပိုမှာ ရရှိခဲ့တဲ့ ပယ်နယ်တီကို ကန်သွင်းခဲ့ရာမှာ ဆလိုဗေးနီးယားအသင်းဂိုးသမား အိုဘလက်ကာကွယ်သွားနိုင်ခဲ့တာပါ။

ဒီအချိန်မှာ BBC ဟာ စီရော်နယ်ဒိုရဲ့ပယ်နယ်တီလွဲချော်မှုကို လှောင်ပြောင်တဲ့ ‘Misstiano Penaldo’ ဆိုပြီး စာတန်းအသုံးပြုခဲ့ရာမှာ ပရိသတ်တွေနဲ့ ဘောလုံးပွဲသုံးသပ်သူတွေက ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။ ဂျွန်တယ်ရီက ဒီပုံနဲ့အတူ “BBC ရေ … ဒါက ရှက်ဖို့ကောင်းတယ်”လို့ စာရေးသားကာ သူ့ရဲ့Instagram Story မှာ တင်ခဲ့တာပါ။ စီရော်နယ်ဒိုဟာ ဒီပယ်နယ်တီလွဲချော်မှုကြောင့် ငိုကြွေးနေခဲ့ပြီး အသင်းဖော်တွေက သူ့ကို ဝိုင်းပြီးနှစ်သိမ့်ခဲ့ကြရပါတယ်။

ပရိသတ်တွေဟာ စီရော်နယ်ဒိုကို လှောင်ပြောင်ခဲ့တဲ့ BBC ကို ဒေါသထွက်ပြီး သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ မှတ်ချက်တွေရေးသားခဲ့ကြပါတယ်။ ပရိသတ်တစ်ဦးက “BBC Sport အနေနဲ့ ဒါက အလွန်ရှက်ဖို့ကောင်းပါတယ်။ ပရော်ဖက်ရှင်နယ်မပယ်နယ် အပြုအမူအတွက် ခင်ဗျားတို့ရှက်သင့်တယ်”လို့ ရေးသားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ အချိန်ပိုမှာကန်သွင်းတဲ့ ပယ်နယ်တီကို လွဲချော်ခဲ့ပေမယ့် ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းရာမှာတော့ ပေါ်တူဂီအသင်းအတွက် ပထမဆုံးကန်သွင်းသူအဖြစ် ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ပယ်နယ်တီအဆုံးအဖြတ်မှာ ဂိုးကန်သွင်းမှု(၃)ကြိမ်စလုံးဂိုးဝင်ခဲ့ပြီး ဆလိုဗေးနီးယားအသင်းဘက်က ကန်သွင်းတဲ့ ပယ်နယ်တီ(၃)ကြိမ်စလုံးကို ဂိုးသမား ဒီယေဂိုကော်စတာက ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ပေါ်တူဂီအသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ကို တက်ပြီး ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *