ဂျပန်၊မြောက်ကိုရီးယားတို့ကို ပေးခဲ့တာထက်ပိုသာတဲ့ ပေးဂိုးအရေအတွက်နဲ့ ဆီးရီးယားကို ရှုံးခဲ့တဲ့ မြန်မာ

0

ဆီးရီးယား(၇-ဝ) မြန်မာ

(၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်)

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲတွေမှာ မြန်မာအသင်းက ပြိုင်ဘက်အသင်းတွေဆီကနေ တစ်ပွဲပြီးတစ်ပွဲ ပိုသာတဲ့ ဂိုးမှတ်တမ်းတွေရယူနေပါတယ်။ အဲဒါက ပေးဂိုးမှတ်တမ်းတွေပါ။

မနှစ်က ဂျပန်အသင်းကို အဝေးကွင်းမှာ(၅)ဂိုးပေးပြီး (ဝ-၅)ဂိုးနဲ့ ရှုံးခဲ့တဲ့ မြန်မာအသင်းဟာ မြောက်ကိုရီးယားကို အိမ်ကွင်းမှာ (၆)ဂိုးပေးပြီး (၁-၆)ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ နောက်ဆုံးလက်ကျန် အုပ်စုတွင်းပြိုင်ဘက်အသင်းဖြစ်တဲ့ ဆီးရီးယားအသင်းကို အိမ်ကွင်းမှာ တစ်ဂိုးစီသရေကျအောင်ကစားနိုင်ခဲ့ပေမယ့် (ဆော်ဒီမှာ ကစားတဲ့) အဝေးကွင်းပွဲစဉ်မှာတော့ မြန်မာအသင်းဟာ (၇)ဂိုးအထိပေးခဲ့ရပြီး (ဝ-၇)ဂိုးနဲ့ ပြတ်ပြတ်သားသားရှုံးနိမ့်ခဲ့ပါတယ်။

ဆီးရီးယားရဲ့ပထမဆုံးဂိုးက လူကျွံဘောအငြင်းပွားဖွယ်ဖြစ်ခဲ့ပေမယ့် နောက်ဂိုးတွေကတော့ ပေးသင့်ပေးထိုက်လို့ ပေးခဲ့ရတဲ့ဂိုးတွေပါ။ ပထမပိုင်းပြီးခါနီးမှာ အားထားရတဲ့ နောက်ခံလူ ဟိန်းဖြိုးဝင်း နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရတာက မြန်မာအသင်းကို ပိုမိုအားလျော့သွားစေပြီး ဒုတိယပိုင်းတစ်ပိုင်းတည်းမှာ ပေးဂိုး(၆)ဂိုးအထိ ပေးရစေဖို့ လုံလောက်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *