အင်္ဂလန်နဲ့ပွဲအတွက် လေ့ကျင့်ရေးကွင်းမှာ အဆင့်မြင့်နေကာမျက်မှန်တွေ အသုံးပြုပြီး ဆွစ်ဇာလန် လေ့ကျင့်

0

ဒီနေ့ကစားမယ့် အင်္ဂလန်-ဆွစ်ဇာလန် ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာ ဆွစ်ဇာလန်အသင်းဟာ လေ့ကျင့်ရေးကွင်းမှာ လျှို့ဝှက်လက်နက်အသုံးပြုပြီး လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်။

ဆွစ်ဇာလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုတွင်းမှာ ဟန်ဂေရီအသင်းကို အနိုင်ရခဲ့ပြီး စကော့တလန်နဲ့ ဂျာမနီအသင်းတို့ကို သရေကျခဲ့ကာ Round of 16 မှာ လက်ရှိချန်ပီယံ အီတလီအသင်းကို အနိုင်ရပြီး ကွာတားဖိုင်နယ်ကို ရောက်ရှိလာခဲ့တာပါ။

ဆွစ်ဇာလန်အသင်းဟာ အင်္ဂလန်အသင်းနဲ့ပွဲစဉ်မှာလည်း သူတို့ရဲ့စွမ်းဆောင်ရည်ကောင်းတွေကို ဆက်ပြသပြီး ဆီမီးဖိုင်နယ်တက်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဆွစ်ဇာလန်အသင်းဟာ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ သူတို့ရဲ့နောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်က ပုံတွေကို ထုတ်ပြခဲ့ရာမှာ အားလုံးကို အံ့အားသင့်စေခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းနဲ့အတူ စီးရီးအေဖလားရယူနိုင်ခဲ့တဲ့ ဂိုးသမား ဆွန်မားဟာ နေကာမျက်မှန်တပ်ဆင်ပြီး လေ့ကျင့်မှုပြုလုပ်တာကို မြင်တွေ့ခဲ့ရပါတယ်။

အစပိုင်းတုန်းက နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့အတွက် နေကာမျက်မှန်တပ်တာလို့ထင်ရပေမယ့် နောက်ပိုင်းမှာတော့ သူဟာ တိကျတဲ့ အကြောင်းပြချက်တစ်ခုအတွက် မျက်မှန်ကို တပ်ထားတာဖြစ်ကြောင်း သိခဲ့ရတာပါ။ ဆွစ်ဇာလန်အသင်းရဲ့ဂိုးသမားတွေဟာ ဂျပန်ဘက်ထရီပါဝါသုံး နေကာမျက်မှန်ကို တပ်ဆင်ထားပြီး ဒါက ဘောလုံးကို ထိတဲ့အချိန်မှာ ဂိုးသမားတွေရဲ့တုံ့ပြန်ပုံကို စမ်းသပ်တဲ့ နှေးကွေးစွာလှုပ်ရှားမှုကို ဖန်တီးထားတာဖြစ်ပါတယ်။

ဂိုးသမားတွေအတွက် များစွာအထောက်အကူဖြစ်တဲ့ ဒီမျက်မှန်ကို ဂျပန်ကုမ္ပဏီ VisionUp က ထုတ်လုပ်ပြီး ဈေးနှုန်းက ပေါင်(၃၅၀)အထက်ရှိတာပါ။ ဆွစ်ဇာလန်အသင်းဟာ ဒီမျက်မှန်ကို ယူရိုပြိုင်ပွဲတစ်လျှောက်အသုံးပြုခဲ့ပါတယ်။ ဒီမျက်မှန်ကို တင်းနစ်၊ဘေ့စ်ဘောနဲ့ အားကစားမျိုးစုံအတွက် လေ့ကျင့်မှုတွေပြုလုပ်ရာမှာ အသုံးပြုတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *