အဓိက ပြိုင်ပွဲတွေမှာ အင်္ဂလန် အမြဲလမ်းကြောင်းချောင်တယ်ဆိုတဲ့ ပြောဆိုမှုကို ဆောက်ဂိတ် တုံ့ပြန်

0

အင်္ဂလန်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ အဓိကနိုင်ငံတကာပြိုင်ပွဲကြီး(၄)ခုမှာ ဆီမီးဖိုင်နယ်ကို တတိယအကြိမ်မြောက်တက်နိုင်ခဲ့ပြီးနောက် ဂျာမန်ဂျာနယ်လစ်တစ်ဦးက အင်္ဂလန်အသင်းဟာ အဓိကပြိုင်ပွဲကြီးတွေမှာ အမြဲတမ်းလမ်းကြောင်း ချောင်လေ့ရှိတယ်လို့ ပြောဆိုခဲ့တဲ့အပေါ် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က တုံ့ပြန်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲကြီး(၄)ခုမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကလွဲပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ယူရို-၂၀၂၀ ပြိုင်ပွဲနဲ့ လက်ရှိကျင်းပနေတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ဒီပြိုင်ပွဲမှာ ဆားဘီးယား၊ ဒိန်းမတ်၊ ဆလိုဗေးနီးယား၊ ဆလိုဗက်ကီးယား၊ ဆွစ်ဇာလန်အသင်းတို့နဲ့ ကစားခဲ့ရပြီး အသင်းကြီးတွေကို ရှောင်ကာ ဆီမီးဖိုင်နယ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ယူရို-၂၀၂၀ ပြိုင်ပွဲတုန်းက ခရိုအေးရှား၊ ချက်၊ စကော့တလန်၊ ဂျာမနီ၊ ယူကရိန်း၊ ဒိန်းမတ်အသင်းတို့ကို အနိုင်ရပြီး ဗိုလ်လုပွဲမှာ အီတလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။ အဲ့ဒါကြောင့် ဂျာမန်ဂျာနယ်လစ်က အင်္ဂလန်အသင်းဟာ လွယ်ကူတဲ့လမ်းကြောင်းမှာ အမြဲရှိခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၀ ပြိုင်ပွဲဗိုလ်လုပွဲတက်တဲ့ လမ်းကြောင်းမှာ ဂျာမနီအသင်းကို အနိုင်ရခဲ့ပေမယ့် ဂျာမန်ဂျာနယ်လစ်က လွန်ခဲ့တဲ့(၃)နှစ်က ဂျာမနီအသင်းဟာ ညံ့ဖျင်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒီအချိန်မှာ ဆောက်ဂိတ်က “ဟုတ်ပါတယ်။ ကျွန်တော်ပြောချင်တာက သူတို့အသင်းမှာ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့တဲ့ ကစားသမား(၈)ဦးပါဝင်တယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဆောက်ဂိတ်က သူတို့ဟာ အုပ်စုအဆင့်မှာ ဗိုလ်ဖြစ်ခဲ့လို့ ဒီလိုအသင်းတွေနဲ့ ကစားခဲ့ရတာဖြစ်ပြီး လက်ရှိပုံစံကို ဆက်ထိန်းထားရမယ်လို့ ပြောခဲ့ပါတယ်။ အင်္ဂလန် နည်းပြဆောက်ဂိတ်
အသင်းဟာ ဝေဖန်မှုတွေခံနေရပေမယ့် သူ့လက်ထက်မှာ ပြိုင်ပွဲကြီး(၃)ခုရဲ့ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဆုရယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *