ဒုတိယရေပန်းအစားဆုံး ဘရာဇီးလ် ပယ်နယ်တီမှာ ဥရုဂွေးကို ရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရတဲ့ ကိုပါအမေရိက

0

ကိုလံဘီယာ(၅-ဝ)ပနားမား
ဥရုဂွေး(ဝ-၀)ဘရာဇီးလ်
(ပယ်နယ်တီ ၄-၂ ဂိုးနဲ့ ဥရုဂွေးအနိုင်ရ)

ကိုပါအမေရိက ကွာတားဖိုင်နယ်

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ဒုတိယရေပန်းအစားဆုံးဘရာဇီးလ်အသင်းက ကွာတားဖိုင်နယ်မှာပဲ တတိယရေပန်းအစားဆုံးဥရုဂွေးအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

အဓိကတိုက်စစ်မှူးဗင်နီစီယပ်စ် ပွဲပယ်ခံထားရတဲ့ ဘရာဇီးလ်အသင်းအနေနဲ့ တိုက်စစ်မှာလိုအပ်ချက်တွေရှိခဲ့သလို ဥရုဂွေးအသင်းကလည်းဂိုးမသွင်းနိုင်တာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံခဲ့ရပါတယ်။

ပယ်နယ်တီမှာ ဘရာဇီးလ်အတွက် မီလီတာအိုနဲ့ ဒေါက်ကလပ်စ်လူးဝစ်ဇ်တို့လွဲချော်ခဲ့ပြီး ဥရုဂွေးက ဟီမီနက်ဇ်လွဲချော်ခဲ့တာကြောင့် ဥရုဂွေးက ပယ်နယ်တီ(၄-၂)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ဒီပွဲမတိုင်ခင်ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပထမပွဲမှာ ခြေစွမ်းပြနေတဲ့နေတဲ့ ကိုလံဘီယာအသင်းက ပနားမားအသင်းကို (၅-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Uruguay knock out Brazil on penalties, to face Colombia in Copa America  semi-final

ကိုလံဘီယာအသင်းဟာ ၂၀၂၂ နှစ်ဆန်းပိုင်းကတည်းက ရှုံးပွဲမရှိတာဖြစ်ပြီး ဒီပွဲနဲ့ဆိုရင် (၂၇)ပွဲအထိရှိပြီဖြစ်ပါတယ်။

ကိုပါအမေရိကပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အာဂျင်တီးနားအသင်းက ချန်ပီယံ(၁၅)ကြိမ်၊ ဒုတိယ(၁၄)ကြိမ်နဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပြီး ဥရုဂွေးအသင်းက ချန်ပီယံ(၁၅)ကြိမ်၊ ဒုတိယ(၆)ကြိမ်နဲ့ ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။

ဒါကြောင့် ဒီပြိုင်ပွဲမှာ ဥရုဂွေးချန်ပီယံဖြစ်ခဲ့ရင် အာဂျင်တီးနားအသင်းဆီက အအောင်မြင်ဆုံးအသင်းဂုဏ်ပုဒ်ကို ပြန်လည်ရယူနိုင်မှာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်တက်လာတဲ့အသင်းတွေထဲမှာ ကိုလံဘီယာက ၂၀၀၁ ခုနှစ်မှာ ချန်ပီယံတစ်ကြိမ်ဖြစ်ခဲ့ဖူးပြီး မြောက်အမေရိကတိုက်က ကနေဒါအသင်းကတော့ ဒီနှစ်ပြိုင်ပွဲမှ စတင်ယှဉ်ပြိုင်တာဖြစ်ပါတယ်။

ကိုပါအမေရိက ဆီမီးဖိုင်နယ်

ဇူလိုင်(၉)
အာဂျင်တီးနား – ကနေဒါ

ဇူလိုင်(၁၀)
ဥရုဂွေး- ကိုလံဘီယာ

Leave a Reply

Your email address will not be published. Required fields are marked *