စပိန်-ဂျာမနီပွဲစဉ်ကို ပြန်ကစားဖို့ UEFA ကို ဒေါသထွက်နေတဲ့ ပရိသတ်တွေ အသနားခံတောင်းဆို

0

စပိန်အသင်းက ဂျာမနီအသင်းကို အချိန်ပိုမှာ (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်ကို ပြန်ကစားဖို့ ဂျာမန်ပရိသတ်တွေက ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ထံ အသနားခံတောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒီပွဲမှာ အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်ချခဲ့တဲ့ ပရီးမီးယားလိဂ်ဒိုင်လူကြီး အန်သိုနီတေလာကို UEFA ရဲ့ဒိုင်လူကြီးစာရင်းကနေပါ ဖယ်ရှားပေးဖို့ ဂျာမန်ပရိသတ်တွေက တောင်းဆိုခဲ့ကြပါတယ်။

ဒီပွဲရဲ့အချိန်ပိုဒုတိယပိုင်းမှာ စပိန်အသင်းနောက်ခံလူ ကူကူရယ်လာ ဂိုးဧရိယာအတွင်း လက်နဲ့ထိခဲ့တာကို ကွင်းလယ်ဒိုင်လူကြီးနဲ့ VAR က ပယ်နယ်တီမပေးခဲ့တဲ့အပေါ် ဂျာမန်ပရိသတ်တွေက ဒေါသထွက်နေကြတာဖြစ်ပါတယ်။

ဂျာမနီကွင်းလယ်လူ မူစီယာလာရဲ့ဂိုးကန်သွင်းမှုကို ဂိုးဧရိယာအတွင်း ကူကူရယ်လာက သူ့ရဲ့လက်နဲ့ တားဆီးသလိုဖြစ်သွားခဲ့တာပါ။ ဂျာမနီပရိသတ်တွေနဲ့ ကစားသမားတွေက သူတို့ ပယ်နယ်တီရရှိသင့်တယ်လို့ပြောခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီး အန်သိုနီတေလာက ပယ်နယ်တီသတ်မှတ်ခဲ့ခြင်းမရှိသလို VAR ဒိုင်ဖြစ်သူ အင်္ဂလန်လူမျိုးဒိုင်လူကြီးအက်ဝဲလ်ကလည်း ဒီဆုံးဖြတ်ချက်ကို ထောက်ခံပြီဒပြန်လည်သုံးသပ်ဖို့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။

ပရိသတ်ပေါင်း(၃)သောင်းကျော်ဟာ change.org ကနေတဆင့် ဒီပွဲစဉ်ကို ပြန်ကစားပေးဖို့ အသနားခံတောင်းဆိုခဲ့ကြတာပါ။ အန်သိုနီတေလာရဲ့ဆုံးဖြတ်ချက်ဟာ မျှတမှုမရှိဘဲ စပိန်အသင်ဘက်ကို ဘက်လိုက်တယ်ဆိုပြီး အခြားဒိုင်လူကြီးတစ်ဦးရဲ့ဝေဖန်မှုကိုလည်း ရရှိခဲ့တယ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုတောင်းဆိုနေပေမယ့် UEFA ဟာ စပိန်အသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့ယူရို-၂၀၂၄ ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်ကို ပုံမှန်အတိုင်းကျင်းပသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *