စပိန်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဂရီးဇ်မန်းကို ပွဲထွက်လူစာရင်းက ပြင်သစ် ချန်လှပ်ဖွယ်ရှိ

0

ပြင်သစ်အသင်းဟာ စပိန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒုတိယအသင်းခေါင်းဆောင်ဖြစ်တဲ့ ဂရီးဇ်မန်းကို ပွဲထွက်လူစာရင်းက ချန်လှပ်ဖွယ်ရှိတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြထားပါတယ်။

ပြင်သစ်အသင်းဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပေါ်တူဂီအသင်းကို ပယ်နယ်တီအဆုံးအဖြတ် (၅-၃)ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ဆီမီးဖိုင်နယ်ကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် လူစာရင်းကို အပြောင်းအလဲလုပ်ဖို့လိုတယ်လို့ ပြင်သစ်နည်းပြအဖွဲ့ဝင်တွေက စဉ်းစားနေကြတာပါ။

ပြင်သစ်အသင်းဟာ အုပ်စုအဆင့်ကနေ ကွာတားဖိုင်နယ်အထိ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ (၅)ပွဲကစားထားပြီးဖြစ်ပေမယ့် သွင်းဂိုး(၃)ဂိုးသာ သွင်းယူထားနိုင်တာဖြစ်ပါတယ်။ ဒီသွင်းဂိုး(၃)ဂိုးထဲမှာ (၁)ဂိုးက ဘာပေရဲ့ပယ်နယ်တီဂိုးနဲ့ ကျန်တဲ့(၂)ဂိုးက ပြိုင်ဘက်အသင်းတွေရဲ့Own Goal သွင်းတာကနေ ရရှိခဲ့တာပါ။ L’Equipe က ပြင်သစ်အသင်းဟာ စပိန်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်မှာ တိုက်စစ်ကစားသမား ဂရီးဇ်မန်းကို ပွဲထွက်လူစာရင်းက ချန်လှပ်ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဂရီးဇ်မန်းဟာ ပြင်သစ်အသင်းကစားထားတဲ့ (၅)ပွဲမှာ (၄)ပွဲကို ပွဲထွက်လူစာရင်းပါဝင်ခဲ့ပေမယ့် ဂိုးဖန်တီးမှုရော သွင်းဂိုးရော မရှိသေးတာပါ။ ဂရီးဇ်မန်းဟာ ပြင်သစ်အသင်းအတွက် (၁၃၄)ပွဲကစားထားပြီး နိုင်ငံအသင်းသမိုင်းမှာ စတုတ္ထမြောက်ပွဲအရေအတွက်အများဆုံးကစားထားတဲ့သူဖြစ်ပြီး ဂိုးသွင်းအများဆုံးစာရင်းမှာလည်း (၄၄)ဂိုးနဲ့ စတုတ္ထနေရာမှာပဲ ရပ်တည်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ ပွဲစဉ်မှာ ပွဲပယ်ကြောင့် မပါဝင်နိုင်ခဲ့တဲ့ ကွင်းလယ်လူ ရာဘီယော့ဟာ စပိန်အသင်းနဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်မှာပါ။ အဲ့ဒါကြောင့် ပြင်သစ်အသင်းဟာ ကွင်းလယ်မှာ ကွန်တေ၊ရာဘီယော့၊ချူအာမန်နီတို့ပွဲကို ပွဲထွက်ပြီး တိုက်စစ်မှာ ဒမ်ဘီလီ၊မူအာနီနဲ့ ဘာပေတို့ကို စပိန်အသင်းနဲ့ ပွဲစဉ်ရဲ့ပွဲထွက်လူစာရင်းမှာ အသုံးပြုဖွယ်ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *