ယူရို-၂၀၂၄ ပြိုင်ပွဲက ထွက်ရပြီးနောက် ဒိုင်လူကြီးဖီးလစ်ဇွာယာကို ဗန်ဒိုက် ပြစ်တင်ဝေဖန်

0

မနေ့က ယူရို-၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉနယ်သာလန်(၁-၂)အင်္ဂလန် ပွဲအပြီးမှာ နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်က ဒီပွဲစဉ်ကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးကို ပွဲအပြီးအင်တာဗျူးမှာ ပြင်းထန်စွာဝေဖန်သွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ နယ်သာလန်အသင်းဟာ ဇာဗီဆိုင်မွန်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဟာရီကိန်းရဲ့ချေပဂိုး၊ဝက်ကင်စ်ရဲ့အနိုင်ဂိုးကြောင့် အင်္ဂလန်အသင်းကို အရေးနိမ့်ကာ ယူရို-၂၀၂၄ ပြိုင်ပွဲက ထွက်ခွာခဲ့ရတာပါ။

ဝက်ကင်စ်ရဲ့သွင်းဂိုးဟာ အငြင်းပွားစရာမရှိခဲ့ပေမယ့် နယ်သာလန်အသင်းဟာ ဒီဂိုးရဖို့အတွက်
အင်္ဂလန်အသင်း ကစားကွက်မတည်ဆောက်ခင်မှာ သူတို့ထောင့်ကန်ဘောရရှိသင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ ဗန်ဒိုက်က ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး ဖီးလစ်ဇွာယာရဲ့စွမ်းဆောင်ရည်ကို ပွဲအပြီးမှာ ဝေဖန်မှုပြုလုပ်သွားခဲ့တာပါ။

ဗန်ဒိုက်က “ဒါနဲ့ ပတ်သက်ပြီး တစ်ခုခုပြောလို့ရမလားဆိုတာ ကျွန်တော်မသိပါဘူး။ ပွဲအပြီးမှာ ဒိုင်လူကြီးက မြန်မြန်ဆန်ဆန်ထွက်ခွာသွားတယ်လို့ထင်ပါတယ်။ သူ့ကို လက်ဆွဲနှုတ်ဆက်ဖို့ အချိန်တောင်မရှိခဲ့ပါဘူး။ ဒါပေမယ့် ပွဲပြီးသွားပါပြီ။ ဒါကို လက်ခံဖို့ ခက်ခဲတယ်”လို့ beIN Sports ကို ပြောခဲ့ပါတယ်။

ဗန်ဒိုက်ဟာ သူတို့ထောင့်ကန်ဘောမရခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးကို စောဒကတက်ခဲ့တဲ့အတွက် အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။ ဒ့ါအပြင် ဝက်ကင်စ်ဂိုးသွင်းအပြီးမှာ သူတို့ထောင့်ကန်ဘောရရှိသင့်ကြောင်း စောဒကတက်ခဲ့တဲ့ ဇာဗီဆိုင်မွန်လည်း အဝါကတ်ပြသခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *