အင်္ဂလန်နည်းပြဆောက်ဂိတ်နဲ့ ရုပ်ချင်းဆင်နေလို့ ပရိသတ်တွေ ဩဘာပေးခံလိုက်ရတဲ့ ဂျာမန်ရဲ

0

ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ် အင်္ဂလန်-နယ်သာလန်ပွဲမကစားမီ ဒီပွဲကစားမယ့် ဒေါ့မွန်မြို့ကို ရောက်ရှိနေတဲ့ အင်္ဂလန်ပရိသတ်တွေဟာ Venue BVB Stadion Dortmund ကွင်းအနီးမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ဂျာမန်ရဲ အနားမှာ ဝန်းရံခဲ့ကြပါတယ်။

အကြောင်းကတော့ ဒီရဲက အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဆောက်ဂိတ်နဲ့ အမွှာညီအစ်ကိုလို့ ပြောရလောက်အောင် ရုပ်ချင်းတူနေလို့ ဖြစ်ပါတယ်။

အင်္ဂလန်ပရိသတ်တွေက ဒီရဲနားမှာ ဝန်းရံနေရုံမက ဗီဒီယိုထဲမှာပါတဲ့အတိုင်း သံပြိုင်သီချင်းသီဆိုပြီး ဒီရဲကို သြဘာပေးခဲ့ကြပါတယ်။

Atomic Kitten ရဲ့နာမည်ကြီးသီချင်း”Whole Again”ကို သံစဉ်ပဲယူပြီး စာသားထည့်ထားတဲ့ သီချင်းနဲ့ အင်္ဂလန်ပရိသတ်တွေက သူ့ကို ဝန်းရံ သီဆိုခဲ့ကြပြီး ဆောက်ဂိတ်ရဲ့ အဖေမတူ အမေကွဲ ညီလေး ဂျာမန်ရဲကလည်း ပရိသတ်တွေရဲ့ပျော်ရွှင်မှုကို မတားဆီးဘဲ သည်းခံပေးခဲ့တာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *