နည်းပြရာထူးအတွက် အမေရိကန်ဘောလုံးအဖွဲ့ချုပ်ရဲ့ချဉ်းကပ်မှုကို ကလော့ပ် ငြင်းပယ်

0

လီဗာပူးလ်အသင်းနည်းပြဟောင်း ကလော့ပ်ဟာ အမေရိကန်နည်းပြသစ်ရာထူးအတွက် အမေရိကန်ဘောလုံးအဖွဲ့ချုပ်ရဲ့ချဉ်းကပ်မှုကို ငြင်းပယ်ခဲ့ပါတယ်။

အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ အမေရိကန်အသင်း ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်က ထွက်ခွာခဲ့ရပြီးနောက် နည်းပြ ဘာဟယ်တာကို ရာထူးက ထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာပါ။

အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ ဘာဟယ်တာကို ထုတ်ပယ်ပြီးနောက် ချက်ချင်းဆိုသလို နည်းပြသစ်ရှာဖွေမှု လုပ်ငန်းစဉ်ကို စတင်ခဲ့ပြီး လီဗာပူးလ်အသင်းနည်းပြဟောင်း ကလော့ပ်ကို ဆက်သွယ်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကလော့ပ်ကတော့ သူဟာ အားကစားလောကကနေ အနားယူချင်သေးတဲ့အတွက် အမေရိကန်ဘောလုံးအဖွဲ့ချုပ်ရဲ့ချဉ်းကပ်မှုကို ငြင်းပယ်ခဲ့တယ်လို့ The Athletic က ဖော်ပြထားတာပါ။ ကလော့ပ်ဟာ (၉)နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ လီဗာပူးလ်အသင်းကနေ ပြီးခဲ့တဲ့ရာသီအကုန်ကမှ ထွက်ခွာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ ဂျာမန်လူမျိုးနည်းပြ ကလောပ့်ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းအောင်မြင်မှုတွေရယူနိုင်ဖို့အတွက် နာမည်ကြီးနည်းပြတစ်ဦးကို ခန့်အပ်နိုင်ဖို့ ကြိုးစားနေတာပါ။ အမေရိကန်အသင်းဟာ လာမယ့်စက်တင်ဘာမှာ ခြေစမ်းပွဲတွေယှဉ်ပြိုင်ဖို့ စီစဉ်ထားပြီး ဒီမတိုင်ခင် နည်းပြသစ်ခန့်အပ်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

အမေရိကန်အသင်းဟာ စက်တင်ဘာမှာ ကနေဒါအသင်း၊နယူးဇီလန်အသင်းတို့နဲ့ အမေရိကန်နိုင်ငံမှာ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *