၂၀၂၄ ကိုပါအမေရိက ဗိုလ်လုပွဲ အပြီးမှာ အာဂျင်တီးနားအသင်းက အနားယူတော့မယ့် ဒီမာရီယာ

0

အာဂျင်တီးနားဝါရင့်ကွင်းလယ်လူဒီမာရီယာဟာ အခုဇူလိုင်(၁၄)ရက်နေ့မှာ ကစားမယ့် ၂၀၂၄ကိုပါအမေရိကဗိုလ်လုပွဲအပြီးမှာ အာဂျင်တီးနားလက်ရွေးစင်အသင်းကနေ အနားယူတော့မှာဖြစ်ပါတယ်။

ဒီမာရီယာက အာဂျင်တီးနားအသင်းနဲ့ ကိုလံဘီယာအသင်းတို့ကစားမယ့် ကိုပါအမေရိကဗိုလ်လုပွဲဟာ သူ့အတွက် နောက်ဆုံးနိုင်ငံတကာပွဲဖြစ်လာလိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။

“ဒီပွဲက အာဂျင်တီးနားအသင်းအတွက် ကျွန်တော့်ရဲ့နောက်ဆုံးတိုက်ပွဲပါ။ ကျွန်တော်များများစားစားပြောဖို့မရှိပါဘူး။ အရင်က ကျွန်တော်အများကြီးပြောခဲ့ပြီးပါပြီ။ အာဂျင်တီးနားပရိသတ်တွေကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ လက်ရှိ အာဂျင်တီးနားအသင်းက မျိုးဆက်သစ်ကစားသမားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့က ကျွန်တော်ကို ဆုဖလားတွေအများကြီးကိုင်မြှောက်နိုင်အောင် စွမ်းဆောင်ကူညီပေးကြပါတယ်”လို့ ဆိုခဲ့ပါတယ်။

အာဂျင်တီးနားအသင်းနဲ့ ကိုလံဘီယာအသင်းတို့ကစားမယ့် ၂၀၂၄ ကိုပါအမေရိကဗိုလ်လုပွဲဟာ ဒီမာရီယာအတွက် (၁၄၅)ပွဲမြောက်နိုင်ငံတကာပွဲဖြစ်လာမှာဖြစ်ပါတယ်။ ဒီမာရီယာဟာ အာဂျင်တီးနားအသင်းမှာ (၂၀၀၈)ခုနှစ်ကတည်းက စတင်ကစားခဲ့ပြီး ဂိုးပေါင်း(၃၁)ဂိုးသွင်းယူကာ(၃၂)ဂိုးဖန်တီးပေးခဲ့ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၁ ကိုပါအမေရိက ချန်ပီယံဆု၊ ၂၀၂၀ ကမ္ဘာ့ဖလားချန်ပီယံဆုတွေ ရယူခဲ့တဲ့ ဒီမာရီယာဟာ အာဂျင်တီးနား ယူ-၂၀ အသင်းနဲ့အတူ ၂၀၀၇ ယူ-၂၀ ကမ္ဘာ့ဖလားချန်ပီယံဆု၊ အာဂျင်တီးနားအိုလံပစ်အသင်းနဲ့အတူ ၂၀၀၈ ဘေဂျင်းအိုလံပစ်မှာ ရွှေတံဆိပ်ဆုတွေ ရယူဆွတ်ခူးနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *