ပြင်သစ်လက်ရွေးစင် အသင်းဖော် ကွန်တေရဲ့အသင်းဟောင်းကို ဝယ်ယူဖို့ ဘာပေ စိတ်ဝင်စား

0

ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်ကစားသမား ဘာပေဟာ ပြင်သစ်လက်ရွေးစင်အသင်းဖော် ကွန်တေကစားခဲတဲ့ အသင်းဟောင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြထားပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ အခွန်ဆောင်အပြီး တစ်နှစ်ကို ပေါင်(၁၂.၈)သန်း ရရှိမယ့် ဘာပေဟာ မကြာခင်ရက်ပိုင်းအတွင်းမှာ ကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ခြင်းခံရတော့မှာပါ။

RMC Sport က ဘာပေဟာ ကလပ်အသင်းတစ်သင်းကို ပိုင်ဆိုင်ချင်နေတာကြောင့် ကွန်တေကစားခဲ့တဲ့ ကိန်းအသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ ကိန်းအသင်းရဲ့ပူးတွဲပိုင်ရှင်ဖြစ်သူ အန်တိုနီကပ်တွန်က ကလပ်အသင်းဟာ ပိုင်ရှင်အသစ်ရှာဖွေနေတယ်လို့ ပြောထားတာပါ။ အဲ့ဒါကြောင့် ဘာပေရဲ့မိသားစုကုမ္ပဏီ KM7 က ကိန်းအသင်းကို ဝယ်ယူနိုင်ဖို့အတွက် ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

Soccer Football – Euro 2024 – Semi Final – Spain v France – Munich Football Arena, Munich, Germany – July 9, 2024 France’s Kylian Mbappe before he shoots at goal from a free kick REUTERS/Leonhard Simon

ကိန်းအသင်းဟာ ၂၀၁၉ က ပြင်သစ်လီဂူး-၁ ကနေတန်းဆင်းပြီးနောက် လီဂူး-၂ မှာ ကစားနေတာပါ။ ဘာပေဟာ သူဝယ်ယူချင်နေတဲ့ ကိန်းအသင်းနဲ့ သမိုင်းကြောင်း ရှိခဲ့ဖူးတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ Ouest France က ဘာပေဟာ အသက်(၁၁)နှစ်အရွယ်က ကိန်းအသင်းနဲ့ လက်မှတ်ထိုးဖို့ နီးစပ်ခဲ့ပြီး ကိန်းအသင်းလူငယ်စုဆောင်းရေးအဖွဲ့က ဘာပေကို (၃)နှစ်ကြာ စောင့်ကြည့်မှုတွေပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားတာပါ။

ဘာပေကို ခေါ်ယူဖို့ အသင်းကြီးတွေဖြစ်တဲ့ PSG၊လန်းစ်နဲ့ မိုနာကိုအသင်းတို့က စိတ်ဝင်စားနေခဲ့သလို ဘာပေရဲ့မိဘတွေဟာ ကိန်းအသင်းနဲ့ စကားပြောဆိုမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဘာပေဟာ ၂၀၁၃ မှာ မိုနာကိုအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။ ကိန်းအသင်းမှာ ဘာပေရဲ့ပြင်သစ်အသင်းဖော်ဟောင်း ကွန်တေအပြင် အက်သလက်တီမက်ဒရစ်အသင်းက လီမာနဲ့ ဘိုင်ယန်မြူးနစ်အသင်းက ဂွာရဲရိုးတို့လည်း ပါဝင်ကစားခဲ့ကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *