ဟာရီကိန်းရဲ့ ဆုဖလားကျိန်စာ ဆက်ပြီးမြဲနေအောင်လုပ်မယ်လို့ အော်လ်မိုလ် ဆို

0

လိုက်ပ်ဇစ်အသင်းကွင်းလယ်တိုက်စစ်ကစားသမား အောလ်မိုက ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းရဲ့ဆုဖလားကျိန်စာဆက်ပြီးရှိနေအောင်လုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမတိုင်ခင်ဆိုခဲ့ပါတယ်။

အော်လ်မိုဟာ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းရဲ့ဘိုင်ယန်မြူးနစ်ကစားသမားဘ၀ ပွဲဦးထွက်ပွဲစဉ်ဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းက (ဝ-၃)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဂျာမန်စူပါဖလားပွဲစဉ်မှာ လိုက်ပ်ဇစ်အသင်းအတွက် ဟက်ထရစ်ဂိုးသွင်းယူခဲ့တဲ့သူပါ။

ဟာရီကိန်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပေမယ့် အခုအချိန်ထိ ဆုဖလားတစ်လုံးမှရယူနိုင်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။ ဟာရီကိန်းဟာ ပြီးခဲ့တဲ့နွေရာသီက ပေါင်သန်း(၁၀၀)နဲ့ စပါးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းလည်း ဆုဖလားလက်မဲ့နဲ့ ရာသီအဆုံးသတ်ခဲ့ရတာပါ။

ဟာရီကိန်းဟာ ယူရို-၂၀၂၄ ဗိုလ်လုပွဲမှာ ဆုဖလားလက်မဲ့ဖြစ်နေတာကို အဆုံးသတ်ဖို့အခွင့်အရေးရှိနေပေမယ့် အော်လ်မိုကတော့ ဟာရီကိန်းရဲ့ကျိန်စာကို ဆက်ပြီးရှိနေအောင်လုပ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အော်လ်မိုက “ဟာရီကိန်းရဲ့ဆုဖလားကျိန်စာကို ဂျာမနီမှာလုပ်ခဲ့ပေမယ့် မပြီးဆုံးသေးပါဘူး။ ထပ်ပြီးလုပ်ချင်ပါတယ်။ ဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းပြီး ဆုဖလားရယူဖို့က ကျွန်တော့်ရဲ့အိပ်မက်ဖြစ်လာမှာပါ”လို့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့တာပါ။

ဟာရီကိန်းနဲ့ အော်လ်မိုတို့ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ (၃)ဂိုးစီသွင်းယူထားပြီး ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုအတွက်လည်း ပြိုင်ဆိုင်နေကြတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဗိုလ်လုပွဲမှာ ဟာရီကိန်းနဲ့ အော်လ်မိုတို့ရဲ့အားပြိုင်မှုတွေကို မြင်တွေ့ရဖို့ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *