ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင် ဝေဖန်ခဲ့တဲ့ ဂယ်ရီနဗီးလ်ကို ကူကူရယ်လာ တုံ့ပြန်

0

မနေ့က စပိန်(၂-၁)အင်္ဂလန် ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲအပြီးမှာ စပိန်အသင်းနောက်ခံလူ ကူကူရယ်လာက ဒီပြိုင်ပွဲမစတင်ခင်မှာ သူ့ကို ဝေဖန်မှုပြုလုပ်ခဲ့တဲ့ ဘောလုံးပွဲဝေဖန်သုံးသပ်သူ ဂယ်ရီနဗီးလ်ကို သူ့ရဲ့ဆိုရှယ်မီဒီယာကနေ တုံ့ပြန်သွားခဲ့ပါတယ်။

ကူကူရယ်လာဟာ ဒီပြိုင်ပွဲတစ်လျှောက် စပိန်အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာသွင်းယူခဲ့တဲ့ အိုယာဇာဘယ်လ်ရဲ့အနိုင်ဂိုးကို ဖန်တီးပေးခဲ့သူပါ။

ဂယ်ရီနဗီးလ်ဟာ ဒီပြိုင်ပွဲမတိုင်ခင် စပိန်အသင်းလူစာရင်းမှာ ကူကူရယ်လာပါဝင်လာတဲ့အပေါ် အံ့အားသင့်ပြီး ဝေဖန်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဂယ်ရီနဗီးလ်က စပိန်အသင်းဒီပြိုင်ပွဲမှာ အောင်မြင်မှုမရခဲ့ရင် ကူကူရယ်လာဟာ အကြောင်းပြချက်တွေထဲက တစ်ခုဖြစ်လိမ့်မယ်လို့ ပြောခဲ့တာပါ။

ဗိုလ်လုပွဲအပြီးမှာ ကူကူရယ်လာက ဂယ်ရီနဗီးလ်ပြောခဲ့တဲ့မှတ်ချက်နဲ့အတူ “ကျွန်တော်တို့လမ်းအဆုံးထိ သွားနိုင်ခဲ့ပါပြီ ဂယ်ရီရေ။ ခင်ဗျားရဲ့အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်”လို့ ရေးသားပြီး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ကူကူရယ်လာဟာ စပိန်အသင်းမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် နည်းပြသစ် မာရက်စ်ကာလက်ထက် ချယ်လ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရလာဖို့ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *