အဝတ်လဲခန်းထဲမှာ အဝတ်ဗလာဖြစ်နေတဲ့ စပိန်အသင်းဖော်တွေကို ယာမားလ် Live လွှင့် ပြသမိခဲ့

0

မနေ့က စပိန်(၂-၁)အင်္ဂလန် ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲအပြီးမှာ ဘာစီလိုနာအသင်းကြယ်ပွင့် ယာမားလ်ဟာ စပိန်အသင်းရဲ့အဝတ်လဲခန်းအတွင်းက အောင်ပွဲခံမှုကို သူ့ရဲ့Instagram ကနေ Live လွှင့်ခဲ့ရာမှာ အဝတ်ဗလာဖြစ်နေတဲ့ အသင်းဖော်တွေကို ပြသမိခဲ့ပါတယ်။

အသက်(၁၇)နှစ်အရွယ်ရှိ ယာမားလ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းအတွက် ခြေစွမ်းပြသခဲ့ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့သူပါ။

ယာမားလ် Live လွှင့်ခဲ့တဲ့ ဗီဒီယိုမှာ ပွဲအပြီး စပိန်ကစားသမားတွေ အဝတ်လဲခန်းထဲ အောင်ပွဲခံနေတာကြပြီး ကစားသမားတစ်ဦးဟာ ဘာမှမဝတ်ဘဲ ကိုယ်လုံးတီးရပ်နေသလို၊ အသင်းခေါင်းဆောင် မိုရာတာကိုလည်း အင်္ကျီဝတ်ထားခြင်းမရှိဘဲ မြင်တွေ့ခဲ့ရတာပါ။

ဗိုလ်လုပွဲမတိုင်ခင် တစ်ရက်အလိုမှာ အသက်(၁၇)နှစ်ပြည့်ခဲ့တဲ့ ယာမားလ်ဟာ သူ့ရဲ့မွေးနေ့လက်ဆောင်အဖြစ် အင်္ဂလန်အသင်းကို အနိုင်ယူကာ ချန်ပီယံဆုရယူချင်တယ်လို့ ပြောခဲ့ပြီး သူ့ရဲ့ဆန္ဒပြည့်မြောက်သွားခဲ့တာဖြစ်ပါတယ်။ ယာမားလ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းအတွက် (၁)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ကာ စံချိန်အများအပြားကို တင်နိုင်ခဲ့ပါတယ်။

ယာမားလ်ဟာ စပိန်အသင်းနဲ့အတူ ယူရို-၂၀၂၄ ချန်ပီယံဆုဖလားအောင်ပွဲခံအခမ်းအနားတွေမှာ ပါဝင်ပြီးရင် အပန်းဖြေအနားယူကာ ဘာစီလိုနာအသင်းနဲ့အတူ ရာသီသစ်အတွက် ပြင်ဆင်မှုတွေကို ပြုလုပ်ရတော့မှာပါ။ ဘာစီလိုနာအသင်းဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် အမေရိကန်နိုင်ငံကို သွားရောက်ကာ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ် ၊အေစီမီလန်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *