အင်္ဂလန်အသင်း နည်းပြရာထူးကနေ နုတ်ထွက်ကြောင်း ဆောက်ဂိတ် ကြေညာ

0

ယူရိုပြိုင်ပွဲဗိုလ်လုပွဲမှာ အင်္ဂလန်အသင်း (၂)ကြိမ်ဆက်တိုက်ရှုံးပွဲကြုံတွေ့ခဲ့ရပြီးနောက် နည်းပြဆောက်ဂိတ်ဟာ ရာထူးက နုတ်ထွက်ပြီလို့ ကြေညာခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမှာ စပိန်အသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့တာပါ။

ဆောက်ဂိတ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီဇင်ဘာဆိုရင် ကုန်ဆုံးမှာဖြစ်ပေမယ့် ဆောက်ဂိတ်ကတော့ စာချုပ်မကုန်ဆုံးခင်မှာ အင်္ဂလန်အသင်းနည်းပြရာထူးက နုတ်ထွက်ခဲ့ပါတယ်။

ဆောက်ဂိတ်က “အင်္ဂလိပ်လူမျိုးဖြစ်ရတာ ဂုဏ်ယူသလို အင်္ဂလန်အသင်းအတွက် ကစားပေးရတာနဲ့ နည်းပြအဖြစ်ကိုင်တွယ်ခွင့်ရခဲ့တာဟာ ကျွန်တော့်ဘဝအတွက် ဂုဏ်ယူစရာပါပဲ။ ဒါဟာ ကျွန်တော့်အတွက် အဓိပ္ပါယ်အများကြီးရှိပြီး အားလုံးကို ကျွန်တော်ပေးခဲ့ပါတယ်။ ဒါပေမယ့် ပြောင်းလဲဖို့ အချိန်ကျပါပြီ။ စပိန်နဲ့ ပွဲက အင်္ဂလန်အသင်းနည်းပြဘ၀ ကျွန်တော့်ရဲ့နောက်ဆုံးပွဲပါ”လို့ တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၁၉၆၆ ကမ္ဘာ့ဖလားရယူပေးနိုင်ခဲ့တဲ့ နည်းပြ ဆာရမ်ဆေးနောက်ပိုင်း အမျိုးသားအသင်းကို အဓိကပြိုင်ပွဲကြီးမှာ ဗိုလ်လုပွဲပို့ဆောင်ပေးနိုင်ခဲ့တဲ့ တစ်ဦးတည်းသော နည်းပြလည်းဖြစ်တာပါ။ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို အဓိကပြိုင်ပွဲကြီး(၄)ခုကိုင်တွယ်ခဲ့ပြီး ယူရိုပြိုင်ပွဲဗိုလ်လုပွဲ(၂)ကြိမ်ဆက်နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ကစားပုံစွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေ၊ဝေဖန်မှုတွေအများအပြားကို ခံခဲ့ရတာပါ။

၂၀၁၆ စက်တင်ဘာမှာ အင်္ဂလန်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ဆောက်ဂိတ်ဟာ ပွဲပေါင်း(၁၀၂)ပွဲကိုင်တွယ်ခဲ့ရာမှာ နိုင်ပွဲ(၆၁)ပွဲ၊သရေပွဲ(၂၄)ပွဲနဲ့ ရှုံးပွဲ(၁၇)ပွဲကြုံတွေ့ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *