မက်ဂွဲယားကို အသင်းခေါင်းဆောင်ပြန်ခန့်ဖို့ မန်ယူနိုက်တက် ပရိသတ်တွေ တောင်းဆို

0

မန်ယူနိုက်တက်အသင်းရဲ့ရာသီကြိုလေ့ကျင့်မှုပြုလုပ်နေတဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာပြီးနောက် မန်ယူနိုက်တက်အသင်းပရိသတ်အချို့ဟာ နောက်ခံလူ မက်ဂွဲယားကို အသင်းခေါင်းဆောင်အဖြစ် ပြန်လည်ခန့်အပ်ဖို့ သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားတောင်းဆိုခဲ့ပါတယ။၂၀၁၉ က လက်စတာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မက်ဂွဲယားကို နည်းပြဟောင်း ဆိုးလ်ရှားက မန်ယူနိုက်တက်အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမစတင်ခင်မှာ နည်းပြ အဲရစ်တန်ဟတ်က သူ့ကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခဲ့တာပါ။

မန်ယူနိုက်တက်အသင်းရဲ့ရာသီကြိုလေ့ကျင့်မှုပြုလုပ်နေတဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာပြီးနောက် မန်ယူနိုက်တက်အသင်းပရိသတ်အချို့ဟာ နောက်ခံလူ မက်ဂွဲယားကို အသင်းခေါင်းဆောင်အဖြစ် ပြန်လည်ခန့်အပ်ဖို့ သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားတောင်းဆိုခဲ့ပါတယ်။

၂၀၁၉ က လက်စတာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မက်ဂွဲယားကို နည်းပြဟောင်း ဆိုးလ်ရှားက မန်ယူနိုက်တက်အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမစတင်ခင်မှာ နည်းပြ အဲရစ်တန်ဟတ်က သူ့ကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခဲ့တာပါ။

မက်ဂွဲယားဟာ သူ့ရဲ့အသင်းခေါင်းဆောင် လက်ပတ်ကို ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ထံ လွှဲပြောင်းပေးခဲ့ရပြီးနောက် လေ့ကျင့်ရေးကွင်းမှာ အပြင်းအထန်ကြိုးစားအားထုတ်မှုတွေကြောင့် မန်ယူနိုက်တက်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။ မက်ဂွဲယားဟာ ပြီးခဲ့တဲ့ရာသီမှာ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ရရှိခဲ့ပေမယ့် ဒဏ်ရာကြောင့် ရာသီအကုန်ထိ အနားယူခဲ့ရသလို ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းအတွက် မပါဝင်နိုင်ခဲ့တာပါ။

မက်ဂွဲယားဟာ ဒဏ်ရာကသက်သာပြီးနောက် ရာသီကြိုလေ့ကျင့်မှုတွေပြုလုပ်ဖို့ မန်ယူနိုက်တက်အသင်းနဲ့ ပူးပေါင်းချိန် အကယ်ဒမီကစားသမားတွေအပေါ် ပြုမူဆက်ဆံတဲ့ ဗီဒီယိုဖိုင် ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ မက်ဂွဲယားဟာ သူ့ရဲ့ပြန်လည်ထူထောင်ရေးအစိတ်အပိုင်းအဖြစ် ကလပ်ရဲ့လေ့ကျင့်ရေးကွင်းမှာ တစ်ဦးချင်းလေ့ကျင့်မှုတွေပြုလုပ်နေတာပါ။ မက်ဂွဲယားဟာ လေ့ကျင့်မှုပြုလုပ်ဖို့ ရောက်ရှိလာချိန်မှာ အကယ်ဒမီကစားသမားတွေကို နွေးနွေးထွေးထွေးဆက်ဆံပြီး တစ်ဦးချင်းကို လက်ဆွဲနှုတ်ဆက်မှုတွေပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ပရိသတ်တွေက မက်ဂွဲယားရဲ့အပြုအမူကို ချီးကျူးပြီး သူ့ကို အသင်းခေါင်းဆောင်အဖြစ် ပြန်လည်ခန့်အပ်ဖို့ သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားတောင်းဆိုခဲ့ကြတာပါ။ မက်ဂွဲယားကို ပြီးခဲ့တဲ့နွေရာသီက ရောင်းချခံရဖို့ အသင်းကစီစဉ်ခဲ့ပေမယ့် သူက မန်ယူနိုက်တက်အသင်းမှာ ဆက်ရှိပြီး သူ့ရဲ့နေရာကို ဆက်ပြီးတိုက်ပွဲဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ မက်ဂွဲယားဟာ မန်ယူနိုက်တက်အသင်းအတွက် (၂၀၆)ပွဲကစားထားပြီး (၁၁)ဂိုးသွင်းယူထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *