အင်္ဂလန်အသင်းကို ကိုင်တွယ်ဖို့ ဂျာမန် နည်းပြဟောင်း ယိုအာကင်လုဗ် ဆန္ဒရှိနေ

0

ဂျာမနီအသင်းနည်းပြဟောင်း ယိုအာကင်လုဗ်ဟာ လစ်လပ်နေတဲ့ အင်္ဂလန်အသင်းနည်းပြရာထူးကို တာဝန်ယူချင်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ယိုအာကင်လုဗ်ဟာ နည်းပြသစ်ရှာဖွေမှုပြုလုပ်နေတဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က သူ့ကိုချဉ်းကပ်လာမယ်ဆိုရင် ကြိုဆိုသွားမယ်လို့ The Sun သတင်းစာက ဖော်ပြထားတာပါ။

အသက်(၆၄)နှစ်အရွယ်ရှိ ယိုအာကင်လုဗ်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲ Round of 16 မှာ အင်္ဂလန်အသင်းကို အရေးနိမ့်ပြီးနောက် ဂျာမနီအသင်းနည်းပြရာထူးက ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ဂျာမနီအသင်းကို ၂၀၁၄ ကမ္ဘာ့ဖလားရယူပေးနိုင်ခဲ့တဲ့ ယိုအာကင်လုဗ်ဟာ အင်္ဂလန်အသင်းကို ကိုင်တွယ်ခွင့်ရဖို့အတွက် FA နဲ့ ဆွေးနွေးချင်နေတယ်လို့ ဆိုပါတယ်။

နည်းပြဟောင်း ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ယူရိုဗိုလ်လုပွဲ(၂)ကြိမ်ဆက်တက်ရောက်နိုင်အောင် ကိုင်တွယ်ပေးနိုင်ခဲ့ပေမယ့် ချန်ပီယံဖြစ်အောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲအပြီး(၂)ရက်အကြာမှာ အင်္ဂလန်အသင်းနည်းပြရာထူးက နုတ်ထွက်ခဲ့တာပါ။ FA ဟာ အင်္ဂလန်အသင်းနည်းပြရာထူးအတွက် နည်းပြအများအပြားနဲ့ ချိတ်ဆက်နေပြီး မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကို နည်းပြသစ်အဖြစ်ခန့်အပ်ချင်နေပါတယ်။

FA ဟာ ဂွါဒီယိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေချိန်မှာ အင်္ဂလန်ယူ-၂၁ အသင်းနည်းပြ လီကာစလေကို ယာယီနည်းပြအဖြစ်ခန့်အပ်ဖွယ်ရှိနေပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့်စက်တင်ဘာမှာ UEFA Nations League ပွဲစဉ်အဖြစ် အိုင်ယာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *