ပြင်သစ်တို့ကို တောင်းပန်ဖို့ မက်ဆီကို တိုက်တွန်းခဲ့တဲ့ အာဂျင်တီးနား အားကစားဒုဝန်ကြီး အလုပ်ထုတ်ခံရ

0

အာဂျင်တီးနားကစားသမားအချို့က ပြင်သစ်အသင်းကို လူမျိုးရေးခွဲခြားတဲ့ သီဆိုမှုနဲ့ ပတ်သက်ပြီး အသင်းခေါင်းဆောင် မက်ဆီကို တောင်းပန်ဖို့ ပြောခဲ့တဲ့ အာဂျင်တီးနားအားကစားဒုဝန်ကြီး ဂျူလီယိုဂါရိုဟာ အလုပ်ထုတ်ခံခဲ့ရပါတယ်။ ဆိုရှယ်မီဒီယာပေါ်ပျံ့နှံ့ခဲ့တဲ့ဗီဒီယိုထဲမှာ အာဂျင်တီးနားကစားသမားတွေဟာ လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေအသုံးပြုခဲ့တယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ကစွပ်စွဲခဲ့တာပါ။

အာဂျင်တီးနားကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဟာ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ဒီဗီဒီယိုတင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းရဲ့ပြင်သစ်ကစားသမားတွေက သူ့ကိုဝေဖန်ခဲ့ကြပြီး ချယ်လ်ဆီးအသင်းရဲ့စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုနဲ့လည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အာဂျင်တီးနားပရိသတ်တွေ သီဆိုထားတဲ့ သီချင်းထဲမှာ အာဖရိကကစားသမားတွေကိုသာ အဓိကအသုံးပြုနေတဲ့ ပြင်သစ်အသင်းကို ရည်ညွှန်းတဲ့ စာသားတွေပါဝင်ခဲ့တာပါ။

အဲ့ဒါကြောင့် အာဂျင်တီးနားအားကစားဒုဝန်ကြီး ဂျူလီယိုဂါရိုက အသင်းခေါင်းဆောင် မက်ဆီကို တောင်းပန်ဖို့ ပြောခဲ့တာဖြစ်ပါတယ်။ ဂျူလီယိုဂါရိုဟာ အာဂျင်တီးနားရေဒီယို Urbana Play နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဒီအကြောင်းပြောပြီးနောက် နာရီပိုင်းအကြာမှာ အာဂျင်တီးနားသမ္မတက သူ့ကို အလုပ်ကနေ ထုတ်ပယ်ခဲ့တာပါ။

အန်ဇိုဖာနန်ဒက်ဇ်ဟာ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ဆိုရှယ်မီဒီယာမှာ တောင်းပန်ကြောင်း ရေးသားခဲ့ပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေမြင့်တက်နေကာ အန်ဇိုဖာနန်ဒက်ဇ်အနေနဲ့ ချယ်လ်ဆီးအသင်းထံ ပြန်လာရင် ပြင်သစ်ကစားသမားတွေနဲ့ ဘယ်လိုထိပ်တိုက်ရင်ဆိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *