လူမျိုးရေးခွဲခြားမှုကြောင့် ဖရန့်ဖတ်နဲ့ပွဲကို ဆက်ကစားဖို့ လီဗာပူးလ်ယူ-၁၉ အသင်းငြင်းဆန်ခဲ့

0

လီဗာပူးလ်ယူ-၁၉ အသင်းဟာ ဖရန့်ဖတ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ လူမျိုးရေးခွဲခြားစော်ကားမှုကြောင့် ကွင်းထဲက ထွက်ခွာပြီး ပွဲကိုဆက်ကစားဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဖရန့်ဖတ်ယူ-၁၉ အသင်းက ကစားသမားတစ်ဦးဟာ လီဗာပူးလ်ကစားသမားတစ်ဦးကို လူမျိုးရေးခွဲခြား ခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတယ်လို့ ဂျာမန်သတင်းစာ Bild ကဖော်ပြထားတာပါ။

လီဗာပူးလ်နဲ့ ဖရန့်ဖတ်လူငယ်အသင်းတို့ဟာ ဂျာမနီနိုင်ငံမှာကျင်းပတဲ့ ပြိုင်ပွဲတစ်ခုမှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားခံရတဲ့ဖြစ်ရပ်ကြောင့် လီဗာပူးလ်အသင်းဟာ ပွဲကိုဆက်မကစားတော့ဘဲ ကွင်းထဲကနေ ထွက်ခွာခဲ့တာပါ။ (၁)ဂိုးစီသရေကျနေချိန်မှာ ပွဲကိုဖျက်သိမ်းခဲ့ရပြီး နောက်ဆုံးမှာ ဖရန့်ဖတ်အသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ပေးခဲ့ပါတယ်။

ဖရန့်ဖတ်အသင်းရဲ့အားကစားဒါရိုက်တာ ဟာဒန်းက ပြိုင်ဘက်ကစားသမားဟာ နားကြားမှားခဲ့တာလို့ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ ဟာဒန်းက ကစားသမားဟာ ‘digga’ ဆိုတဲ့ ဘန်းစကားကို အသုံးပြုခဲ့တာဖြစ်ပြီး ဒါဟာ ‘bro’ ‘ဒါမှမဟုတ် ‘dude’ လို့ အဓိပ္ပါယ်ရကြောင်း ပြောခဲ့ကာ ဖရန့်ဖတ်အသင်းအနေနဲ့ ဒီစွပ်စွဲချက်တွေကို အလေးအနက်ထားဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ကစားသမားတစ်ဦးလူမျိုးရေးခွဲခြားခံရတဲ့အတွက် ပွဲကိုရပ်ပြီး ကွင်းထဲက အတူထွက်ခွာဖို့ဆုံးဖြတ်ခဲ့ကြောင်းနဲ့ ပြိုင်ပွဲကျင်းပရေးအနေနဲ့ ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပေးဖို့တောင်းဆိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *