VAR အပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် ရိုစင်ဘော့-လီလက်စ်ထရွမ်းပွဲကို ဖျက်သိမ်းခဲ့ရ

0

မနေ့က ရိုစင်ဘော့-လီလက်စ်ထရွမ်း နော်ဝေလိဂ်ပွဲစဉ်မှာ VAR အပေါ် ပရိသတ်တွေက ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် ဒီပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။

ပထမပိုင်းမိနစ်(၃၀)အတွင်း VAR ကိုဆန့်ကျင့်ကန့်ကွက်မှု(၄)ကြိမ်အထိရှိခဲ့ပြီး ပရိသတ်တွေက ကွင်းထဲကို တင်းနစ်ဘောလုံးတွေ၊မီးတုတ်တွေ၊ ငါးနဲ့ပြုလုပ်ထားတဲ့ ကိတ်မုန့်တွေနဲ့ပစ်ပေါက်ခဲ့ကြတာပါ။

ရိုစင်ဘော့အသင်းပရိသတ်တွေဟာ စည်းမျဉ်းသစ်အရ ကစားသမားတွေကွင်းထဲက ထွက်ခွာအောင် တင်းနစ်ဘောလုံးတွေကို ကွင်းအတွင်းပစ်ချခဲ့တာဖြစ်ပါတယ်။ ပြီးတော့ သူတို့တွေဟာ VAR ပျောက်ကွယ်သွားမယ်ဆိုတဲ့ စာတန်းတွေကို ကိုင်ဆောင်ခဲ့ကြတယ်လို့ သိရတာပါ။

ကစားသမားတွေကွင်းထဲက ထွက်ခွာသွားပြီးနောက်မှာ နောက်ထပ်ရပ်တန့်မှုတွေရှိခဲ့ရင် ပွဲကိုဖျက်သိမ်းမယ်လို့ အားကစားကွင်းအတွင်းရှိ ကြေညာသူက ပြောခဲ့ပါတယ်။

(၂၅)မိနစ်အကြာမှာ လီလက်စ်ထရွမ်းပရိသတ်တွေဟာ ရိုစင်ဘော့အသင်းပရိသတ်တွေလို တူညီတဲ့ စာတန်းကို ကိုင်ဆောင်ကာ ကွင်းထဲကို တင်းနစ်ဘောလုံးတွေထပ်ပြီးပစ်ချခဲ့တာပါ။

ဒီအဖြစ်အပျက်တွေကြောင့် နောက်ဆုံးမှာ ကွင်းလယ်ဒိုင်လူကြီးက ဒီပွဲကို ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။ ရိုစင်ဘော့နဲ့ လီလက်စ်ထရွမ်းအသင်းပရိသတ်တွေဟာ “VAR ကို မုန်းတီးတယ်”လို့ သီဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ရိုစင်ဘော့အသင်းဟာ ဒီရာသီနော်ဝေလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၁၁)နေရာရပ်တည်နေပြီး လီလက်စ်ထရွမ်းအသင်းက အဆင့်(၈)နေရာမှာ ရပ်တည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *