ချယ်လ်ဆီးကို ပြန်လာမယ့် အန်ဇိုဖာနန်ဒက်ဇ်ကို မိမိ ကြိုဆိုသွားမယ်လို့ မာရက်စ်ကာ ဆို

0

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ရာသီကြိုလေ့ကျင့်မှုတွေပြုလုပ်ဖို့ လာမယ့်တနင်္လာမှာ ကလပ်အသင်းနဲ့ ပူးပေါင်းတော့မယ့် အာဂျင်တီးနားအသင်းကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို သူကြိုဆိုဖို့ အဆင်သင့်ပဲလို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့ပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်ဟာ ကိုလံဘီယာအသင်းကို အနိုင်ရခဲ့တဲ့ ကိုပါအမေရိကဖလားဗိုလ်လုပွဲအပြီးမှာ အာဂျင်တီးနားအသင်းဖော်အချို့နဲ့ လူမျိုးရေးခွဲခြားတဲ့ သီချင်းသီဆိုမှုကြောင့် ဝေဖန်မှုတွေခံနေရသူပါ။

အန်ဇိုဖာနန်ဒက်ဇ်ဟာ ဒီအဖြစ်အပျက်ကြောင့် ချယ်လ်ဆီးအသင်းရဲ့ပြင်သစ်ကစားသမားတွေက သူ့ကိုဒေါသထွက်နေပြီး သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ Unfollow ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် အန်ဇိုဖာနန်ဒက်ဇ်ဟာ သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တဲ့ ဗီဒီယိုကြောင့် လူမျိုးရေးခွဲခြားမှုပြုလုပ်တယ်ဆိုပြီး ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)က တိုင်ကြားထားလို့ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုနဲ့လည်း ရင်ဆိုင်နေရတာပါ။ ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာကတော့ အန်ဇိုဖာနန်ဒက်ဇ်ဟာ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး တောင်းပန်ခဲ့ပြီးပြီလို့ ပြောကာ သူ့ရဲ့ကစားသမားကို ကာကွယ်ခဲ့ပါတယ်။

မာရက်စ်ကာက”ကစားသမားက ကြေညာချက်ထုတ်ပြန်ပြီးတောင်းပန်ခဲ့သလို ကလပ်ကလည်း အလားတူလုပ်ခဲ့ပါတယ်။ အခြေအနေက ရှင်းလင်းပြီးသားပါ။ အသင်းဆီ သူပြန်ရောက်လာခဲ့ရင် ပြဿနာရှိမယ်လို့မထင်ပါဘူး။ သူက ဆိုးသွမ်းတဲ့သူမဟုတ်ပါဘူး။ တောင်းပန်ခဲ့ပြီးပါပြီ၊ ဒါက ရှင်းပါတယ်”လို့ ဆိုခဲ့တာပါ။

ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်ကလည်း “အန်ဇိုဟာ အမှားလုပ်ခဲ့တာကို သိတဲ့အတွက် ကလပ်နဲ့ အသင်းကို တောင်းပန်ပြီးပါပြီ။ ကျွန်တော် အန်ဇိုနဲ့ရော ဒီအဖြစ်အပျက်မှာပါဝင်တဲ့သူတွေကို စကားပြောခဲ့ပြီးပါပြီ။ ဒီစကားတွေကိုတော့ ပြန်ပြောမှာမဟုတ်ဘူး”လို့ မီဒီယာသမားတွေရဲ့မေးမြန်းမှုကို ဖြေခဲ့ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *