ချယ်လ်ဆီး-ရက်စ်ဟမ်း ခြေစမ်းပွဲမှာ ကိုဝဲလ်နဲ့ မက်ကလင်းတို့ ထိပ်တိုက်တွေ့ဆုံ ရန်ပွဲဖြစ်ပွားခဲ့

0

ဒီမနက်က ချယ်လ်ဆီး(၂-၂)ရက်စ်ဟမ်း ရာသီကြိုခြေစမ်းပွဲမှာ ချယ်လ်ဆီးနောက်ခံလူ ကိုဝဲလ်နဲ့ ရက်စ်ဟမ်းတိုက်စစ်မှူးမက်ကလင်းတို့ထိပ်တိုက်တွေ့ဆုံပြီး ရန်ပွဲဖြစ်ပွားခဲ့ပါတယ်။

ပွဲကစားချိန်(၂)မိနစ်သာ ရှိသေးချိန်မှာ ကိုဝဲလ်ဟာ သူ့ကိုဝင်ရောက်ပုံကြမ်းတမ်းခဲ့တဲ့ မက်ကလင်းကို ဒေါသထွက်ပြီး တွန်းထိုးကာ တစ်ဦးနဲ့တစ်ဦး အင်္ကျီကိုဆုပ်ကိုင်ထားကြပြီး အခြေအနေတင်းမာခဲ့ကြတာပါ။

အဲ့ဒါကြောင့် (၂)သင်းစလုံးမှာရှိတဲ့ ကစားသမားတွေဟာ သူတို့နှစ်ဦးရဲ့ကြားထဲကို ဝင်ရောက်ပြီး လူစုခွဲကာ ရန်ပွဲကို ဖြေရှင်းခဲ့ရပါတယ်။ ကွင်းလယ်ဒိုင်လူကြီးကတော့ ဒီအဖြစ်အပျက်ကိုဘယ်လိုအရေးယူမှုမှ ပြုလုပ်ခဲ့ခြင်းမရှိဘဲ ပွဲကိုဆက်ပြီးကစားခွင့်ပြုခဲ့တာပါ။

မက်ကလင်းဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ ဝက်စ်ဘရွမ်းနဲ့ ဆန်းဒါးလန်းအသင်းတွေမှာ ကစားခဲ့ဖူးသူဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာ အန်ကွန်ကူရဲ့သွင်းဂိုးနဲ့ ရက်စ်ဟမ်းအသင်းကို ပထမပိုင်းအပြီးမှာ (၁-ဝ)ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှာ ရက်စ်ဟမ်းအသင်းက ချေပဂိုးနဲ့ ဦးဆောင်ဂိုးပြန်သွင်းခဲ့လို့ ချယ်လ်ဆီးအသင်းဟာ ချေပဂိုးရဖို့ ကြိုးစားခဲ့ရပြီး ပွဲချိန်(၈၂)မိနစ်မှာ အူဂိုချူကွယ်က ချေပဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ရာသီသစ်မတိုင်ခင် ပထမဆုံးခြေစမ်းပွဲစဉ်မှာ ရှုံးပွဲနဲ့ မကြုံတွေ့ခဲ့ရတာပါ။ ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာ ကစားသမားသစ်တွေဖြစ်တဲ့ မာခ့်ဂီအူ၊တိုဆင်တို့ကို အသုံးပြုခဲ့ပြီး ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ရာသီက ပွဲအများစုကို လွဲချော်ခဲ့တဲ့ လာဗီးယားကိုလည်း ပထမပိုင်းမှာ ပွဲထွက်အသုံးပြုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နောက်ထပ်ခြေစမ်းပွဲအဖြစ် ဇူလိုင်(၂၈)ရက်မှာ ဆဲလ်တစ်အသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *