မက်ဆီဖုန်းသုံးနေတာကို ဇနီးဖြစ်သူ အန်တိုနယ် ချောင်းကြည့်နေတဲ့ ရုပ်ပုံဆိုရှယ်မီဒီယာမှာ လူကြိုက်များနေ

0

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ အင်တာမိုင်ယာမီအသင်းရဲ့ပွဲကို ပွဲကြည့်စင်ပေါ်ကနေ ကြည့်နေချိန် ဖုန်းအသုံးပြုနေတာကို ဇနီးဖြစ်သူ အန်တိုနယ်လာကြည့်နေတဲ့ ရုပ်ပုံဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူကြိုက်များနေပါတယ်။ မက်ဆီဟာ ဒဏ်ရာကြောင့် ဒီပွဲကိုမပါဝင်နိုင်ပေမယ့် အင်တာမိုင်ယာမီအသင်းက မက္ကဆီကိုကလပ် Puebla အသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လိဂ်ဖလားပွဲစဉ်ကို တက်ရောက်ကြည့်ရှုခဲ့တာပါ။

မက်ဆီဟာ အာဂျင်တီးနားအသင်းချန်ပီယံဖြစ်ခဲ့တဲ့ ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာ ဒဏ်ရာရရှိပြီးကတည်းက အင်တာမိုင်ယာမီအသင်းရဲ့ပွဲစဉ်တွေကို လွဲချော်နေတာဖြစ်ပါတယ်။ မက်‌ဆီဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၃၄)မိနစ်မှာ ဖုန်းအသုံးပြုနေတာကို ဇနီးဖြစ်သူ အန်တိုနယ်လာက ဘေးကနေ ကြည့်နေခဲ့တာဖြစ်ပြီး ဒါကို ရုပ်သံတွေက မှတ်တမ်းတင်နိုင်ခဲ့တာပါ။

အန်တိုနယ်လာရဲ့ဒီကြည့်ရှုမှုဟာ ဆိုရှယ်မီဒီယာမှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှုသူပေါင်း (၁)သိန်းကျော်အထိ ရှိသွားခဲ့တာဖြစ်ပါတယ်။ အင်တာမိုင်ယာမီအသင်းဟာ ဒီရာသီမှာ မက်ဆီမပါဝင်ဘဲ ပွဲအများစုကို ကစားခဲ့ရပေမယ့် ရလဒ်ကောင်းတွေရရှိကာ မေဂျာလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားကို ဦးဆောင်ထားသလို လိဂ်ဖလားပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ဆက်ထိန်းနိုင်ဖို့ နိုင်ပွဲရရှိခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းဟာ ဩဂုတ်(၄)ရက်မှာ တီဂရက်စ်အသင်းနဲ့ လိဂ်ဖလားပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဒီပွဲစဉ်ကို မက်ဆီပါဝင်ဖို့ ကလပ်အသင်းဘက်က မျှော်လင့်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *