နောက်ထပ် ရာသီကြိုခြေစမ်းပွဲ ထပ်ပြီးကစားဖို့ လက်ပါးမားစ်နဲ့ လီဗာပူးလ် ဆွေးနွေး

0

လီဗာပူးလ်အသင်းဟာ ရာသီသစ်မစတင်ခင်နောက်ထပ်ရာသီကြိုခြေစမ်းပွဲ ထပ်ပြီးကစားဖို့အတွက် စပိန်ကလပ် လက်စ်ပါးမားစ်အသင်းနဲ့ ဆွေးနွေးခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့အမေရိကန်ရာသီကြိုခြေစမ်းပွဲခရီးစဉ်ကို အဓိက ကစားသမားအများအပြားလွဲချော်ပြီးနောက် လီဗာပူးလ်အသင်းဟာ နည်းပြ အာနီဆလော့ရဲ့ပုံစံစတိုင်အတိုင်း လိုက်ပြီးကစားနိုင်ဖို့အတွက် နောက်ထပ်ခြေစမ်းပွဲတစ်ပွဲ ထပ်ပြီးကစားဖို့ စီစဉ်နေတာပါ။

လီဗာပူးလ်နဲ့ လက်စ်ပါးမားစ်အသင်းတို့ဟာ ခြေစမ်းပွဲအတွက် ဆွေးနွေးခဲ့ပေမယ့် သဘောတူညီမှုရခြင်းမရှိသေးပါဘူး။ ဒီခြေစမ်းပွဲကစားဖြစ်မယ်ဆိုရင်လည်း တံခါးပိတ်ပွဲသာဖြစ်နိုင်တယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ ရာသီသစ်မစတင်ခင် နောက်ဆုံးခြေစမ်းပွဲအဖြစ် ဆီဗီလာအသင်းနဲ့ အန်ဖီးလ်ကွင်းမှာ ကစားဖို့ စီစဉ်ထားတာပါ။

လီဗာပူးလ်အသင်းဟာ ၂၀၂၂ က စပိန်ကလပ်‌တွေဖြစ်တဲ့ ဘီလ်ဘာအို၊ အိုဆာဆူနာအသင်းတို့နဲ့ လည်း ခြေစမ်းပွဲတွေ ကစားခဲ့ဖူးပါတယ်။ လီဗာပူးလ်အသင်းရဲ့အဓိက ကစားသမားအများအပြားဟာ ယူရို-၂၀၂၄ နဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲတွေ ယှဉ်ပြိုင်ကစားထားကြလို့ ကလပ်အသင်းနဲ့ မပူးပေါင်းနိုင်ကြသေးပေမယ့် မကြာခင်ရက်သတ္တပတ်အတွင်းမှာ လူစုံတက်စုံနဲ့ ‌လေ့ကျင့်မှုတွေ ပြုလုပ်နိုင်ဖို့ ရှိနေကြတာပါ။

လီဗာပူးလ်အသင်းဟာ နည်းပြ အာနီဆလော့လက်ထက်မှာ ခြေစမ်းပွဲ(၂)ပွဲကစားထားပြီး ပရက်စတန်အသင်းနဲ့ တံခါးပိတ်ပွဲစဉ်မှာ အရေးနိမ့်ခဲ့ပေမယ့် ဘက်တစ်အသင်းနဲ့ ပွဲမှာတော့ နိုင်ပွဲရယူထားပါတယ်။ လီဗာပူးလ်အသင်းဟာ ဩဂုတ်(၁)ရက်မှာ အာဆင်နယ်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *