နည်းပြဘဝကို ပြန်လာတော့မှာမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ ကလော့ပ်

0

ပြီးခဲ့တဲ့ရာသီကုန်က လီဗာပူးလ်အသင်းနဲ့လမ်းခွဲခဲ့တဲ့ ဂျာမန်လူမျိုးနည်းပြယာဂန်ကလော့ပ်ဟာ ဘောလုံးနည်းပြတစ်ဦးဘဝက အပြီးသတ်အနားယူပြီလို့ ကြေညာခဲ့ပါတယ်။

မူလက ကလော့ပ်အနေနဲ့ နည်းပြအလုပ်ကနေ တစ်နှစ်ခန့်အနားယူပြီး ကလပ်အသင်းတစ်သင်းသင်း(သို့မဟုတ်)လက်ရွေးစင်အသင်းတစ်သင်းသင်းကို ကိုင်တွယ်ဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

ဒါပေမယ့် အခုအချိန်မှာတော့ ကလော့ပ်က နည်းပြဘဝကို သူ့အနေနဲ့ ပြန်လာမှာ မဟုတ်တော့တဲ့အကြောင်း အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် ရေပန်းစားနေတာကို ငြင်းဆန်ပယ်ချအပြီး နာရီပိုင်းအကြာမှာပဲ ကလော့ပ်က ဒီနေ့ကစပြီး သူ့ရဲ့နည်းပြဘဝပြီးဆုံးပြီလို့ ဆိုခဲ့တာပါ။

ကလော့ပ်ဟာ နည်းပြဘဝမှာ ချန်ပီယံလိဂ်ဖလား(၁)လုံး၊ ဘွန်ဒစ်လီဂါဖလား(၂)လုံး၊ ပရီးမီးယားလိဂ်ဖလား(၁)လုံး၊ အက်ဖ်အေဖလား(၁)လုံး၊ DFB ပိုကယ်လ်ဖလား(၁)လုံး၊ လိဂ်ဖလား(၂)လုံး၊ ဖီဖာကလပ်ကမ္ဘာ့ဖလား(၁)လုံး ရယူနိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းက ထွက်ခွာခဲ့စဉ်က ကလော့ပ်အနေနဲ့ သူ့အသင်းဟောင်း ဒေါ့မွန်အသင်းမှာ ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ယူမယ်လို့ သတင်းတွေထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုအချိန်အထိ ဘယ်အသင်းကိုမှ မရောက်သေးဘဲ အသင်းလက်မဲ့အဖြစ်ရှိနေပြီး သူ့ရဲ့ဇနီးဖြစ်သူနဲ့အတူ အနားယူနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *