နည်းပြအာနီဆလော့လက်ထက် လီဗာပူးလ်ရဲ့ကစားပုံနဲ့ပတ်သက်ပြီး ပရိသတ်တွေ စိတ်လှုပ်ရှားနေကြ

0

လီဗာပူးလ်(၂-၁)အာဆင်နယ် ရာသီကြိုခြေစမ်းပွဲစဉ်မှာ အသင်းလိုက်ပေါင်းစပ်ပြီး ကောင်းမွန်တဲ့သွင်းဂိုးသွင်းယူပြီးနောက် လီဗာပူးလ်အသင်းပရိသတ်တွေဟာ နည်းပြသစ်အာနီဆလော့လက်ထက် ကစားပုံကို စိတ်လှုပ်ရှားနေကြပါတယ်။

ဒီပွဲမှာ လီဗာပူးလ်အသင်းအတွက်ဂိုးတွေကို တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆာလာနဲ့ ကာဗယ်လ်ဟိုတို့က သွင်းယူခဲ့ပြီး အာဆင်နယ်အသင်းအတွက်ချေပဂိုးကို ဟာဗက်ဇ်က သွင်းယူခဲ့တာပါ။

အီးလီယော့ရဲ့တိကျတဲ့ဘောလုံးပေးပို့မှုကနေ ဆာလာသွင်းယူခဲ့တဲ့သွင်းဂိုးကို လီဗာပူးလ်ပရိသတ်တွေက နှစ်သက်နေကြတာဖြစ်ပါတယ်။ ဆိုဘို့ဆလိုင်း၊ ကွမ်ဆာနဲ့ ကယ်လာဟာတို့ဟာ ဖိအားကင်းကင်းနဲ့ ဘောလုံးကိုကိုင်ပြီး ဆာလာဂိုးသွင်းယူနိုင်ဖို့ အသင်းလိုက်အကွက်မြင်မြင်နဲ့ လုပ်ဆောင်သွားခဲ့ကြတာပါ။ လီဗာပူးလ်ပရိသတ်တွေဟာ အမေရိကန်ရာသီကြိုခြေစမ်းပွဲ(၂)ပွဲကစားအပြီးမှာ အာနီဆလော့ရဲ့ကစားပုံစတိုင်အပေါ် စိတ်လှုပ်ရှားနေကြပါတယ်။

ပရိသတ်တစ်ဦးက “အာနီစလော့ ball ပါ။ သူတို့ကို ဘောလုံးပေးပို့မှုတွေနဲ့ သတ်ပစ်လိုက်”လို့ ဒီသွင်းဂိုးဗီဒီယိုနဲ့အတူ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ဆုဖလားတွေကို လက်လွှတ်ခဲ့ရပြီးနောက် ပရိသတ်တစ်ဦးက “ကျွန်တော်တို့ ပြန်လာပြီ”လို့ ရေးသားခဲ့ပါတယ်။

အမေရိကန်ရာသီကြိုခြေစမ်းပွဲ(၂)ပွဲစလုံးအနိုင်ရရှိခဲ့တဲ့ လီဗာပူးလ်အသင်းဟာ နောက်ထပ်ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းဖြစ်တဲ့ မန်ယူနိုက်တက်အသင်းနဲ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားရမှာပါ။ လီဗာပူးလ်အသင်းဟာ ဒီပွဲပြီးရင် အန်ဖီးလ်မှာ ရာသီကြိုခြေစမ်းပွဲနောက်ဆုံးပွဲစဉ်အဖြစ် ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *