ဂယ်လက်ဂါကို အသင်းကြီးလူစာရင်းက ချယ်လ်ဆီးထုတ်ပယ်ထားကြောင်း သတင်းထွက်

0

အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေတဲ့ အင်္ဂလန်ကွင်းလယ်လူ ဂယ်လက်ဂါကို ချယ်လ်ဆီးအသင်းဟာ အသင်းကြီးလူစာရင်းကနေ ထုတ်ပယ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

သောကြာနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဂယ်လက်ဂါဟာ ချယ်လ်ဆီးအသင်းထံ လာရောက်ပြီးသတင်းပို့ချိန်မှာ အသင်းကြီးနဲ့လေ့ကျင့်ခွင့်ပြုမှာမဟုတ်ဘူးလို့ ပြောခံထားရတာပါ။

အဲ့ဒါကြောင့် ဂယ်လက်ဂါဟာ ချယ်လ်ဆီးအသင်းထံ ပြန်ရောက်လာချိန်မှာ အသင်းဖော် ချာလိုဘက်ပါဝင်တဲ့ အဖွဲ့နဲ့လေ့ကျင့်မှုတွေပြုလုပ်ရမှာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် ဂယ်လက်ဂါကို ရောင်းချချင်နေတာပါ။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ဇွန်က ဂယ်လက်ဂါအတွက် ပေါင်(၅၇)သန်းနဲ့ အက်စတွန်ဗီလာအသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့ပေမယ့် ဂယ်လက်ဂါက ဒီအပြောင်းအရွှေ့ကို ပယ်ချခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ဂယ်လက်ဂါကို စာချုပ်သစ်(၂)ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် ဒါတွေကိုလည်း ဂယ်လက်ဂါက ငြင်းပယ်ခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ မကြာသေးခင်က ဂယ်လက်ဂါအတွက် အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ပေါင်(၃၃)သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံထားတာဖြစ်ပါတယ်။ ဂယ်လက်ဂါဟာ ချယ်လ်ဆီးအသင်းမှာ ကာလရှည်ကြာရှိချင်နေပေမယ့် ကာလတိုစာချုပ်သစ်ကမ်းလှမ်းမှုအပေါ် နှစ်သက်မှုမရှိတဲ့အတွက် သောကြာနေ့က အစည်းအဝေးပြုလုပ်ဖို့တောင်းဆိုခဲ့တာပါ။

ဂယ်လက်ဂါဟာ ဒီအစည်းအဝေးအပြီးမှာ ချယ်လ်ဆီးအသင်းကြီးရဲ့လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းနည်းပြသစ် မာရက်စ်ကာကတော့ ဂယ်လက်ဂါဟာ အဖြေရှာဖွေဖို့ ကလပ်အသင်းနဲ့ ဆက်သွယ်မှုပြုလုပ်ခဲ့တယ်လို့ မီဒီယာတွေ့ဆုံမှုမှာ ပြောထားတာပါ။ အက်သလက်တီကိုမက်ဒရစ်အသင်းကတော့ ဂယ်လက်ဂါအနေနဲ့ ဒီရက်သတ္တပတ်ထဲမှာ အနာဂတ်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းပြုလုပ်ဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *